တာခ်ီလိတ္ၿမိဳ႕အေျခစိုက္ အလင္းေရာင္ပရဟိတ အသင္းမွ ၿမိဳ႕သူ/သားမ်ားႏွင့္ ရပ္နီးရပ္ေ၀းမွ ေစတနာရွင္မ်ား၏ ပူးေပါင္းပါ၀င္ လွဴဒါန္းမွဳ ျဖင့္ က်ပ္သိန္းေပါင္း (၂၁၀)ေက်ာ္ တန္ဖိုးရွိ ေထာက္ပံ့ ပစၥည္းမ်ားကုိ ဧရာ၀တီတိုင္းေဒသႀကီး အတြင္းရွိ ေရေဘးသင့္ ျပည္သူမ်ားထံ လက္၀ယ္အေရာက္ ေထာက္ပံ့ လွဴဒါန္းေပးႏိုင္ရန္ အတြက္ စက္တင္ဘာလ (၄)ရက္ေန႔ နံနက္ပိုင္းက တာခ်ီလိတ္မွ ေမာ္ေတာ္ယာဥ္ (၄)စီးျဖင့္ ထြက္ခြာသြားၿပီျဖစ္ေၾကာင္း သိရသည္။
"အခု သြားတာက စုစုေပါင္း (၁၀)ဦးပါ၊ ေရေဘးသင့္ျပည္သူမ်ားထံ လွဴဒါန္းသမွ် အကုန္ေရာက္ဖို႔အတြက္ လိုက္ပါသူ (၁၀)ဦးလံုးက ကိုယ့္စရိတ္နဲ႔ကိုယ္ အကုန္ခံဖို႔ စီစဥ္ထားပါတယ္၊ လမ္းခရီးရဲ႕ တခ်ဳိ႕ေနရာေတြမွာ လိုအပ္လာခဲ့ရင္ အသင္းရန္ပံုေငြထဲက ထည့္သံုးသြားဖို႔ လည္း စီစဥ္ထားပါတယ္၊ အသင္းကား(၁)စီးပါ ပါတယ္။ က်န္ကား(၃)စီးကို ေစတနာရွင္ေတြက ကူညီေပးပါတယ္၊ ကား(၂)စီးကေတာ့ ဆီေရာ ကားေရာ ကူညီေပးတယ္၊ က်န္ကား(၁)စီးကေတာ့ အသင္းက ဆီထည့္ရမွာပါ၊"ဟု အလင္းေရာင္ပရဟိတအသင္း၏ ဒုတိယဥကၠဌ ျဖစ္သူ ကိုႏိုင္စိုးက ေျပာသည္။
အလင္းေရာင္ပရဟိတအသင္းမွ သြားေရာက္ေထာက္ပံ့မည့္ ပစၥည္းမ်ားတြင္ မာမားေခါက္ဆြဲေျခာက္၊ ငါးေသတၱာ၊ စားသံုးဆီ၊ ဘိနပ္မ်ား၊ အ၀တ္အထည္မ်ား၊ အျခား စားသံုးကုန္ပစၥည္းမ်ား၊ ေရသန္႔ေဆးဘူးႀကီးမ်ား၊ ေက်ာင္းသံုး စာေရးကိရိယာ ပစၥည္းမ်ား၊ ဆန္ ႏွင့္ ေသာက္ေရသန္႔မ်ား ပါ၀င္ရာ စုစုေပါင္း တန္ဖိုးေငြမွာ က်ပ္ (၂၁,၃၅၈,၀၀၀)ရွိေၾကာင္း သိရသည္။
အလင္းေရာင္ပရဟိတအသင္းမွ ၿပီးခဲ့သည့္ ၂၀၁၅ ခုႏွစ္အတြင္းက ပဲခူးတိုင္းေဒသႀကီး အေနာက္ဘက္ျခမ္းရွိ ေရေဘးသင့္ျပည္သူမ်ားထံသို႔ က်ပ္( ၄၅,၃၆၃,၉၃၂) တန္ဖိုးရွိသည့္ ေထာက္ပံ့ ပစၥည္းမ်ားကိုလည္း လက္၀ယ္အေရာက္ သြားေရာက္ေထာက္ပံ့ေပးအပ္လွဴဒါန္းခဲ့ေၾကာင္း သိရွိရသည္။
ဓာတ္ပံု - #ကိုေမာင္၀င္း၊ #ကိုႏိုင္စိုး
~~~~~~ ⊰❂ unicode ❂⊱~~~~~~
တာချီလိတ်မြို့အခြေစိုက် အလင်းရောင်ပရဟိတ အသင်းမှ မြို့သူ/သားများနှင့် ရပ်နီးရပေ်ဝးမှ စေတနာရှင်များ၏ ပူးပေါင်းပါဝင် လှူဒါန်းမှု ဖြင့် ကျပ်သိန်းပေါင်း (၂၁၀)ကျော် တန်ဖိုးရှိ ထောက်ပံ့ ပစ္စည်းများကို ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ရေဘေးသင့် ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ လှူဒါန်းပေးနိုင်ရန် အတွက် စက်တင်ဘာလ (၄)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မှ မော်တော်ယာဉ် (၄)စီးဖြင့် ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
"အခု သွားတာက စုစုပေါင်း (၁၀)ဦးပါ၊ ရေဘေးသင့်ပြည်သူများထံ လှူဒါန်းသမျှ အကုန်ရောက်ဖို့အတွက် လိုက်ပါသူ (၁၀)ဦးလုံးက ကိုယ့်စရိတ်နဲ့ကိုယ် အကုန်ခံဖို့ စီစဉ်ထားပါတယ်၊ လမ်းခရီးရဲ့ တချို့နေရာတွေမှာ လိုအပ်လာခဲ့ရင် အသင်းရန်ပုံငွေထဲက ထည့်သုံးသွားဖို့ လည်း စီစဉ်ထားပါတယ်၊ အသင်းကား(၁)စီးပါ ပါတယ်။ ကျန်ကား(၃)စီးကို စေတနာရှင်တွေက ကူညီပေးပါတယ်၊ ကား(၂)စီးကတော့ ဆီရော ကားရော ကူညီပေးတယ်၊ ကျန်ကား(၁)စီးကတော့ အသင်းက ဆီထည့်ရမှာပါ၊"ဟု အလင်းရောင်ပရဟိတအသင်း၏ ဒုတိယဥက္ကဌ ဖြစ်သူ ကိုနိုင်စိုးက ပြောသည်။
အလင်းရောင်ပရဟိတအသင်းမှ သွားရောက်ထောက်ပံ့မည့် ပစ္စည်းများတွင် မာမားခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ စားသုံးဆီ၊ ဘိနပ်များ၊ အဝတ်အထည်များ၊ အခြား စားသုံးကုန်ပစ္စည်းများ၊ ရေသန့်ဆေးဘူးကြီးများ၊ ကျောင်းသုံး စာရေးကိရိယာ ပစ္စည်းများ၊ ဆန် နှင့် သောက်ရေသန့်များ ပါဝင်ရာ စုစုပေါင်း တန်ဖိုးငွေမှာ ကျပ် (၂၁,၃၅၈,ဝဝဝ)ရှိကြောင်း သိရသည်။
အလင်းရောင်ပရဟိတအသင်းမှ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်းက ပဲခူးတိုင်းဒေသကြီး အနောက်ဘက်ခြမ်းရှိ ရေဘေးသင့်ပြည်သူများထံသို့ ကျပ်( ၄၅,၃၆၃,၉၃၂) တန်ဖိုးရှိသည့် ထောက်ပံ့ ပစ္စည်းများကိုလည်း လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ - #ကိုမောင်ဝင်း၊ #ကိုနိုင်စိုး