တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဟွေရဲပူးပေါင်း စစ်ဆေးရေးဂိတ်အနီး နှင့် အောင်မင်္ဂလာ တောရဘုန်းကြီးကျောင်းအနီးတွင် အမည်မသိ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း သိရသည်။
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း
ဟွေရဲကျေးရွာ၊ အောင်မင်္ဂလာတောရဘုန်းကြီးကျောင်းနှင့် မျက်နှာချင်းဆိုင်ရှိ ကားလမ်းတစ်ဖက်ခြမ်း၏ လျှိုထဲတွင် ရှိသော သစ်ပင်ကြီးတစ်ပင်တွင် အသက်(၃၀)ကျော်ဝန်းကျင်ရှိ အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးနေကြောင်းကို သြဂုတ်လ(၂၇)ရက်နေ့ နေ့လယ်ပိုင်းက တွေ့ရှိရ၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ စစ်ဆေးမှုများ ပြုလုပ်ပြီး တာချီလိတ်နာရေးကူညီမှုအသင်းမှ သေဆုံးနေသူ၏ ရုပ်အလောင်းအား ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။
သေဆုံးသူသည် ဝဲယာလက်မနှစ်ဖက်အတွင်းသို့ ကွေးလျှက်ဖြင့် လျှာအနည်းငယ် ထွက်ပြီး ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ ရရှိထားခြင်းမရှိဘဲ ဆုတ်ဖြဲထားသော အင်္ကျီဖြင့် လည်ပင်းတွင် ချည်နှောင်ကာ သစ်ပင်၌ ကြိုးဆွဲချသေဆုံးနေကြောင်းကို တွေ့ရှိရကြောင်း နှင့် သေဆုံးသူတွင် ဆွေးမျိုးများ ရှိမရှိ အပြင် မည်သူမည်ဝါ ဖြစ်ကြောင်းကို သက်ဆိုင်ရာမှ စုံစမ်းနေလျှက်ရှိပြီး အဆိုပါ သေမှုသေခင်းနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၁၆/၂၀၁၆ဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်ထားရှိကြောင်း သိရသည်။