ရွမ္းျပည္နယ္(ေျမာက္ပိုင္း)လားရွိဳးခရိုင္ အပါအဝင္ ခရိုင္(၆)ခရိုင္မွ ၿမိဳ႕နယ္(၂၀)ရိွ ရဲတပ္ဖြဲ႕ဝင္ အင္အား(၂၅၀၀)ေက်ာ္ျဖင့္ ရက္(၁၀၀) စီမံခ်က္အတြင္း အမႈေပါင္း(၁၀၀၀) ေက်ာ္ဖမ္းဆီးနိုင္ခဲ့ေၾကာင္း ရွမ္းျပည္နယ္ ဒုတိယရဲတပ္ဖြဲ႕မွဴးရံုး(လားရွိဳး)မွ သိရသည္။
"ရက္(၁၀၀)စီမံခ်က္မွာ ရွမ္း/ေျမာက္မွာရွိတဲ့ ရဲတပ္ဖြဲ႕ဝင္(၂၅၀၀)ေက်ာ္ရဲ႕ (၇၀)ရာခိုင္နႈန္း ရဲအင္အား (၁၇၀၀)ေက်ာ္နဲ႔လုပ္ေဆာင္ခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ လားရွိဳးမွာဆိုရင္ေတာ့ ရဲတပ္ဖြဲ႕ဝင္ အင္အား(၁၀၀)ေက်ာ္နဲ႔ ရဲကား(၁၀)စီး၊ ဆိုင္ကယ္(၂၀)စီးနဲ႔(၂၄)နာရီ လွည့္ကင္း၊ ပတ္ကင္း၊ ဝပ္ကင္းေတြခ်ျပီး ကၽြန္ေတာ္ကိုယ္တိုင္ဦးစီးျပီး လုပ္ေဆာင္ခဲ့ပါတယ္။"ဟု ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ဒုတိယရဲတပ္ဖြဲ႕မွဴးရံုးမွ အႀကီးတန္းအရာရွိက ေျပာသည္။
လွည့္ကင္းမ်ား ေဆာင္ရြက္ရာတြင္ ၿမိဳ႕ဝင္/ထြက္ေပါက္မ်ားျဖစ္ေသာ ျပည္ေထာင္စု လမ္းမႀကီးနွင့္ ၿမိဳ႕ေရွာင္လမ္း၊ ေရပူစမ္းလမ္းဆံု၊ နမၼတူလမ္းဆံု၊ မႏၲေလးလမ္းဆံု၊ ကုန္းေညာင္-မန္အိုင္ ဝင္/ထြက္ေပါက္စသည့္ ေနရာမ်ားတြင္ ပိတ္ဆို႔ ရွာေဖြစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ရက္(၁၀၀)စီမံခ်က္အတြင္း အမႈႀကီး(၃၈)မႈ၊ အျခားအမႈ(၄၂၈)မႈ၊ ႀကိဳတင္ကာကြယ္ဖမ္းဆီးမႈ(၅၇၁)မႈႏွင့္ မူးယစ္ေဆးဝါးအမႈေပါင္း(၃၄၃)မႈ စုစုေပါင္း(၁၃၈၀)မႈ ဖမ္းဆီးအေရးယူနိုင္ခဲ့ၿပီး၊ မူးယစ္ေဆးဝါး ဖမ္းဆီးရမိမႈမွ တရားခံက်ား(၄၀၃)ဦး၊မ(၄၂)ဦး၊ စုစုေပါင္း(၄၄၅)ဦးတို႔ အား ဘိန္းျဖဴမႈ(၁၁၆)မႈမွ ဘိန္းျဖဴ(၁၂၁,၅၃၀,၂၄၃)ကီလိုႏွင့္ စိတ္ၾကြရူးသြပ္ေဆးျပားမႈ (၂၁၇)မႈမွ စိတ္ၾကြရူးသြပ္ေဆးျပား (၂၁,၆၅၀,၃၁၆)ျပားနွင့္ အျခားမူးယစ္ေဆးဝါးနွင့္ ဆက္စပ္ပစၥည္းမ်ားအားဖမ္းဆီးနိုင္ခဲ့ေၾကာင္းသိရသည္။
သတင္း - ေအာင္ျပည့္
................
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင် အပါအဝင် ခရိုင်(၆)ခရိုင်မှ မြို့နယ်(၂၀)ရှိ ရဲတပ်ဖွဲ့ဝင် အင်အား(၂၅၀၀)ကျော်ဖြင့် ရက်(၁၀၀) စီမံချက်အတွင်း အမှုပေါင်း(၁၀၀၀) ကျော်ဖမ်းဆီးနိုင်ခဲ့ကြောင်း ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံး(လားရှိုး)မှ သိရသည်။
"ရက်(၁၀၀)စီမံချက်မှာ ရှမ်း/မြောက်မှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်(၂၅၀၀)ကျော်ရဲ့ (၇၀)ရာခိုင်နှုန်း ရဲအင်အား (၁၇၀၀)ကျော်နဲ့လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့ လားရှိုးမှာဆိုရင်တော့ ရဲတပ်ဖွဲ့ဝင် အင်အား(၁၀၀)ကျော်နဲ့ ရဲကား(၁၀)စီး၊ ဆိုင်ကယ်(၂၀)စီးနဲ့(၂၄)နာရီ လှည့်ကင်း၊ ပတ်ကင်း၊ ဝပ်ကင်းတွေချပြီး ကျွန်တော်ကိုယ်တိုင်ဦးစီးပြီး လုပ်ဆောင်ခဲ့ပါတယ်။"ဟု ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်းအရာရှိက ပြောသည်။
လှည့်ကင်းများ ဆောင်ရွက်ရာတွင် မြို့ဝင်/ထွက်ပေါက်များဖြစ်သော ပြည်ထောင်စု လမ်းမကြီးနှင့် မြို့ရှောင်လမ်း၊ ရေပူစမ်းလမ်းဆုံ၊ နမ္မတူလမ်းဆုံ၊ မန္တလေးလမ်းဆုံ၊ ကုန်းညောင်-မန်အိုင် ဝင်/ထွက်ပေါက်စသည့် နေရာများတွင် ပိတ်ဆို့ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရက်(၁၀၀)စီမံချက်အတွင်း အမှုကြီး(၃၈)မှု၊ အခြားအမှု(၄၂၈)မှု၊ ကြိုတင်ကာကွယ်ဖမ်းဆီးမှု(၅၇၁)မှုနှင့် မူးယစ်ဆေးဝါးအမှုပေါင်း(၃၄၃)မှု စုစုပေါင်း(၁၃၈၀)မှု ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး၊ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုမှ တရားခံကျား(၄၀၃)ဦး၊မ(၄၂)ဦး၊ စုစုပေါင်း(၄၄၅)ဦးတို့ အား ဘိန်းဖြူမှု(၁၁၆)မှုမှ ဘိန်းဖြူ(၁၂၁,၅၃၀,၂၄၃)ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြားမှု (၂၁၇)မှုမှ စိတ်ကြွရူးသွပ်ဆေးပြား (၂၁,၆၅၀,၃၁၆)ပြားနှင့် အခြားမူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအားဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။
သတင်း - အောင်ပြည့်