မႏၱေလးတိုင္းေဒသႀကီး ပုပၸါးေဒသမွ ၀ယ္ယူေရာင္းခ်ေနသည့္ ေတာင္ႀကီးၿမိဳ႕မွ နဂါးေမာက္သီးေစ်းကြက္မွာ ယခင္ႏွစ္မ်ားထက္ ေရာင္းအား က်ဆင္းလာေၾကာင္း ေတာင္ႀကီးၿမိဳ႕ ၿမိဳ႕မေစ်းအနီး သစ္သီး ေရာင္းခ်သူမ်ားထံမွ သိရသည္။
"နဂါးေမာက္သီးကို ပုပၸါးက မွာယူၿပီး ေရာင္းခ်တာပါ။ နဂါးေမာက္သီးမွာ အေရာင္(၂)မ်ိဳး၊ အရသာ(၂)မ်ိဳးရွိတယ္။ အနီေရာင္နဲ႔ အျဖဴေရာင္ပါ။ အရင္ကေတာ့ ဒူးရင္းသီးနဲ႔ ပန္းသီးအစိမ္းေတြက ေရာင္းရတယ္။ အခုေတာ့ ဒုတိယတန္းစား အသီးအမ်ဳိးအစားထဲ ၀င္သြားတယ္။ နဂါးေမာက္သီးေတာ့ ေစ်းႀကီးတန္း၀င္ေပါ့။ အရင္ႏွစ္ေလာက္ေတာ့ ေရာင္းမေကာင္းေတာ့ဘူး"ဟု သစ္သီးေရာင္းခ်သူတစ္ဦးျဖစ္ေသာ ကိုမ်ိဳး၀င္းက ေျပာသည္။
နဂါးေမာက္သီးတြင္ အေရာင္ကြာျခားမႈ အလိုက္ အရသာကြာျခားမႈရွိရာ အနီေရာင္ နဂါးေမာက္သီးမွာ ခ်ိဳခ်ဥ္အရသာရွိသျဖင့္ လူႀကိဳက္မ်ားၿပီး အျဖဴေရာင္နဂါးေမာက္သီးမွာ အရသာေပါ့သျဖင့္ ၀ယ္ယူမႈ နည္းပါးေၾကာင္း သစ္သီးမ်ားအား ရာသီအလိုက္ေရာင္းခ်ျခင္းျဖစ္ျခင္းေၾကာင့္ ေရာင္းအားမွာလည္း ကြာျခားမႈရွိေၾကာင္း သိရသည္။
ေတာင္ႀကီးၿမိဳ႕တြင္ ေရာင္းခ်ေနေသာ နဂါးေမာက္သီးမ်ားမွာ မႏၱေလးတိုင္းေဒသႀကီး ပုပၸါးေဒသမွ အမ်ားဆံုးမွာယူေရာင္းခ်ျခင္းျဖစ္ေသာ္လည္း ရွမ္းျပည္နယ္ နမ့္စန္၊ လြိဳင္လင္ႏွင့္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)မွလည္း မွာယူေရာင္းခ်ေၾကာင္း သိရသည္။
"နဂါးမောက်သီးကို ပုပ္ပါးက မှာယူပြီး ရောင်းချတာပါ။ နဂါးမောက်သီးမှာ အရောင်(၂)မျိုး၊ အရသာ(၂)မျိုးရှိတယ်။ အနီရောင်နဲ့ အဖြူရောင်ပါ။ အရင်ကတော့ ဒူးရင်းသီးနဲ့ ပန်းသီးအစိမ်းတွေက ရောင်းရတယ်။ အခုတော့ ဒုတိယတန်းစား အသီးအမျိုးအစားထဲ ဝင်သွားတယ်။ နဂါးမောက်သီးတော့ ဈေးကြီးတန်းဝင်ပေါ့။ အရင်နှစ်လောက်တော့ ရောင်းမကောင်းတော့ဘူး"ဟု သစ်သီးရောင်းချသူတစ်ဦးဖြစ်သော ကိုမျိုးဝင်းက ပြောသည်။
နဂါးမောက်သီးတွင် အရောင်ကွာခြားမှု အလိုက် အရသာကွာခြားမှုရှိရာ အနီရောင် နဂါးမောက်သီးမှာ ချိုချဉ်အရသာရှိသဖြင့် လူကြိုက်များပြီး အဖြူရောင်နဂါးမောက်သီးမှာ အရသာပေါ့သဖြင့် ဝယ်ယူမှု နည်းပါးကြောင်း သစ်သီးများအား ရာသီအလိုက်ရောင်းချခြင်းဖြစ်ခြင်းကြောင့် ရောင်းအားမှာလည်း ကွာခြားမှုရှိကြောင်း သိရသည်။
တောင်ကြီးမြို့တွင် ရောင်းချနေသော နဂါးမောက်သီးများမှာ မန္တလေးတိုင်းဒေသကြီး ပုပ္ပါးဒေသမှ အများဆုံးမှာယူရောင်းချခြင်းဖြစ်သော်လည်း ရှမ်းပြည်နယ် နမ့်စန်၊ လွိုင်လင်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)မှလည်း မှာယူရောင်းချကြောင်း သိရသည်။
သတင်း - နိုနို