ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်အတွင်း နမ့်တိမ်းချောင်း ရေကြီးရေလျှံမှုကြောင့် နစ်မြုပ်သွားသည့် စိုက်ဧကများအခြေအနေကို မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီမှ လိုက်လံစစ်ဆေးနေကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဟံနိုင်
မိုင်းကိုင်မြို့နယ်မှ စတင်စီးဆင်းလာသည့် နမ့်တိန်းချောင်းရေသည် သြဂုတ်လ (၂၀) ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီးနောက် ချောင်းရေစတင်မြင့်တက်လာရာ လဲချားမြို့နယ်အတွင်း မြို့မကျေးရွာအုပ်စု၊ ပုံတိုက်ကျေးရွာအုပ်စုနှင့် ပုံနေကျေးရွာအုပ်စုများတွင် စပါးခင်းများ အပါအဝင် ပြောင်းခင်းများ ရေနစ်မြုပ်သွားခြင်းဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဟံနိုင်