ၾကက္သြန္နီ ႏွင့္ ၾကက္သြန္ျဖဴပို႔ကုန္မ်ားကို ျမန္မာ - ထိုင္း အမွတ္(၁) ခ်စ္ၾကည္ေရးတံတားမွ တင္ပို႔ခြင့္ျပဳ

ၾကက္သြန္နီ ႏွင့္ ၾကက္သြန္ျဖဴပို႔ကုန္မ်ားကို ျမန္မာ - ထိုင္း အမွတ္(၁) ခ်စ္ၾကည္ေရးတံတားမွ တင္ပို႔ခြင့္ျပဳ
သြဂုတ် 19, 2016
By Tachileik News Agency

အေကာက္ခြန္ပို႔ကုန္လႊာဖြင့္လွစ္ၿပီးေသာ ၾကက္သြန္ျဖဴႏွင့္ ၾကက္သြန္နီပို႔ကုန္မ်ားအား ရွမ္းျပည္နယ္ အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ရွိ ျမန္မာ-ထိုင္း အမွတ္(၁)ခ်စ္ၾကည္ေရးတံတားမွ တင္ပို႔ခြင့္ျပဳလိုက္ေၾကာင္း တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရးစခန္းမွ သိရသည္။

ယခင္က အေကာက္ခြန္ပို႔ကုန္လႊာ ဖြင့္လွစ္ထားေသာ ၾကက္သြန္ျဖဴႏွင့္ ၾကက္သြန္နီမ်ားအား အမွတ္(၂)ခ်စ္ၾကည္ေရးတံတားမွသာ ထိုင္းႏိုင္ငံသို႔ တင္ပို႔ခြင့္ျပဳထားေသာ္လည္း ၾသဂုတ္(၁၁)ရက္ေန႔တြင္ က်င္းပေသာ ရွမ္းျပည္နယ္၀န္ႀကီးမ်ားႏွင့္ ကုန္သည္မ်ားေတြ႕ဆံုပြဲတြင္ ရွမ္းျပည္နယ္ စီမံကိန္းႏွင့္ စီးပြားေရး၀န္ႀကီးမွ အမွတ္ (၁)တံတားမွ တင္ပို႔ခြင့္ျပဳလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ၾကက္သြန္ျဖဴႏွင့္ ၾကက္သြန္နီမ်ားအား အမွတ္(၂)ခ်စ္ၾကည္ေရးတံတား အေကာက္ခြန္တြင္ အမွန္ပို႔ကုန္ စာရင္းေရးသြင္း၍ တစ္ပိုင္တစ္ႏိုင္ ကုန္သြယ္ခြင့္ျပဳထားေသာ အမွတ္(၁)ခ်စ္ၾကည္ေရးတံတားမွ တင္ပို႔ခြင့္ျပဳလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ စီမံကိန္းႏွင့္ စီးပြားေရး၀န္ႀကီး ဦးစိုးညႊန္႔လြင္က ကုန္သြယ္မႈလုပ္ငန္းမ်ားတြင္ ကုန္သည္မ်ား ကုန္ပစၥည္းတင္ပို႔မႈတြင္ စာရင္းမွန္တင္ပို႔ႏိုင္ရန္ႏွင့္ တင္ပို႔လိုသည့္ကုန္ပစၥည္းမ်ားအား အကန္႔အသတ္မရွိ တင္ပို႔ခြင့္ျပဳႏိုင္ရန္ သတ္မွတ္ခ်က္မ်ားအား ေလွ်ာ့ေပါ့ေပးရန္ ညႊန္ၾကားထားေၾကာင္း သိရသည္။

တာခ်ီလိတ္နယ္စပ္ဂိတ္မွ ထုိင္းႏိုင္ငံႏွင့္ ကုန္သြယ္မႈတန္ဖိုးမွာ ၂၀၁၆ ခုႏွစ္ ဧၿပီလ(၁)ရက္ေန႔မွ ၾသဂုတ္လ(၅)ရက္ေန႔အထိ အေမရိကန္ေဒၚလာ (၂၂.၀၄၈)သန္း ရိွၿပီး ပို႔ကုန္တန္ဖိုးမွာ အေမရိကန္ေဒၚလာ (၄.၇၈၁)သန္းရွိၿပီး သြင္းကုန္ တန္ဖိုးမွာ အေမရိကန္ေဒၚလာ (၁၈.၀၀၇)သန္းရွိေၾကာင္း သိရသည္။

သတင္း - ကိုဇက္
~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
အကောက်ခွန်ပို့ကုန်လွှာဖွင့်လှစ်ပြီးသော ကြက်သွန်ဖြူနှင့် ကြက်သွန်နီပို့ကုန်များအား ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတားမှ တင်ပို့ခွင့်ပြုလိုက်ကြောင်း တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရသည်။

ယခင်က အကောက်ခွန်ပို့ကုန်လွှာ ဖွင့်လှစ်ထားသော ကြက်သွန်ဖြူနှင့် ကြက်သွန်နီများအား အမှတ်(၂)ချစ်ကြည်ရေးတံတားမှသာ ထိုင်းနိုင်ငံသို့ တင်ပို့ခွင့်ပြုထားသော်လည်း သြဂုတ်(၁၁)ရက်နေ့တွင် ကျင်းပသော ရှမ်းပြည်နယ်ဝန်ကြီးများနှင့် ကုန်သည်များတွေ့ဆုံပွဲတွင် ရှမ်းပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးမှ အမှတ် (၁)တံတားမှ တင်ပို့ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ကြက်သွန်ဖြူနှင့် ကြက်သွန်နီများအား အမှတ်(၂)ချစ်ကြည်ရေးတံတား အကောက်ခွန်တွင် အမှန်ပို့ကုန် စာရင်းရေးသွင်း၍ တစ်ပိုင်တစ်နိုင် ကုန်သွယ်ခွင့်ပြုထားသော အမှတ်(၁)ချစ်ကြည်ရေးတံတားမှ တင်ပို့ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်က ကုန်သွယ်မှုလုပ်ငန်းများတွင် ကုန်သည်များ ကုန်ပစ္စည်းတင်ပို့မှုတွင် စာရင်းမှန်တင်ပို့နိုင်ရန်နှင့် တင်ပို့လိုသည့်ကုန်ပစ္စည်းများအား အကန့်အသတ်မရှိ တင်ပို့ခွင့်ပြုနိုင်ရန် သတ်မှတ်ချက်များအား လျှော့ပေါ့ပေးရန် ညွှန်ကြားထားကြောင်း သိရသည်။

တာချီလိတ်နယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုတန်ဖိုးမှာ ၂၀၁၆ ခုနှစ် ဧပြီလ(၁)ရက်နေ့မှ သြဂုတ်လ(၅)ရက်နေ့အထိ အမေရိကန်ဒေါ်လာ (၂၂.ဝ၄၈)သန်း ရှိပြီး ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၄.၇၈၁)သန်းရှိပြီး သွင်းကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁၈.ဝဝ၇)သန်းရှိကြောင်း သိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~