ျမန္မာ - ထိုင္း နယ္စပ္ၿမိဳ႕ျဖစ္တဲ့ တာခ်ီလိတ္ၿမိဳ႕ ၀မ္ေက်ာက္လံုေက်းရြာထဲမွာ က်ပ္သိန္းေပါင္း (၁၀,၀၀၀)၀န္းက်င္ တန္ဖိုးရွိတဲ့ စိတ္ၾကြေဆးမ်ားနဲ႔ ေဆးျပားရိုက္စက္ အပါအ၀င္ ဆက္စပ္ပစၥည္းေတြနဲ႔အတူ အမ်ဳိးသား(၃)ဦးကို စစ္ဗ်ဴဟာအဖြဲ႔(အေျခခ်)တာခ်ီလိတ္ နဲ႔ မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္အပါအ၀င္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔တို႔က ၾသဂုတ္လ(၂၄)ရက္ေန႔ ညေန(၃)နာရီေက်ာ္က ဖမ္းဆီးရမိခဲ့တယ္လို႔ သိရပါတယ္၊
အဆိုပါ ပူးေပါင္းအဖြဲ႔ဟာ မူးယစ္ေဆး၀ါးသတင္းအရ ၀မ္ေက်ာက္လံုေက်းရြာထဲက စိုင္း၀မ္းရဲ႕ေနအိမ္ကို ၀င္ေရာက္ရွာေဖြရာမွ စိုင္း၀မ္းနဲ႔အတူ အမ်ဳိးသား(၂)ဦးကို ေတြ႕ရွိရၿပီး ျခံ၀န္းအေနာက္ဘက္မွာ သီးသန္႔ေဆာက္လုပ္ထားတဲ့ အေဆာက္အဦရဲ႕ ေျမေအာက္ခန္းထဲမွာ စိတ္ၾကြေဆးျပားျပဳလုပ္တဲ့ စက္ပစၥည္းေတြအျပင္ ဓာတုေဆးရည္ ေဆးမွဳန္႔ေတြနဲ႔ ဆက္စပ္ပစၥည္းေတြကို ေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။
ဖမ္းဆီးရမိတဲ့ မူးယစ္ေဆး၀ါးေတြကေတာ့ စိတ္ၾကြေဆးျပား (၆၄,၂၉၀)ျပား၊ စိတ္ၾကြေဆးအမွဳန္႔ ကီလို(၇၀)ေက်ာ္နဲ႔ ကဖင္း စုစုေပါင္း(၆၈)ကီလိုျဖစ္တယ္လို႔သိရၿပီး တူမီးေသနတ္တစ္လက္နဲ႔ လက္လုပ္ေသနတ္ တစ္လက္တို႔လည္း ေတြ႕ရွိရတယ္လို႔ သိရပါတယ္။
မူးယစ္ေဆး၀ါးထုတ္လုပ္ရာမွာ အသံုးျပဳတဲ့ စက္ပစၥည္းေတြနဲ႔အတူေတြ႕ရွိရတဲ့ အမ်ဳိးသား(၃)ဦးကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွာ မူးယစ္ေဆး၀ါးနဲ႔စိတ္ကိုေျပာင္းလဲေစေသာ ေဆး၀ါးမ်ားဆိုင္ရာ ပုဒ္မေတြနဲ႔အမႈဖြင့္ထားတယ္လို႔ သိရပါတယ္။
အခုလို စိတ္ၾကြေဆးျပားထုတ္လုပ္တဲ့ စက္ဖမ္းဆီးရမိမႈဟာ (၈)လတာ ကာလအတြင္းမွာ ပထမဆံုးျဖစ္ၿပီး တာခ်ီလိတ္ခရိုင္အတြင္း မူးယစ္ေဆး၀ါးမ်ားႏွင့္ ပတ္သက္၍ ဖမ္းဆီးရမိထားမႈဟာ အမႈေပါင္း (၉၀)၀န္းက်င္ရွိၿပီလို႔ မူးယစ္တပ္ဖြဲ႔စု (၃၀)တာခ်ီလိတ္က သိရပါတယ္။
အဆိုပါ ပူးပေါင်းအဖွဲ့ဟာ မူးယစ်ဆေးဝါးသတင်းအရ ဝမ်ကျောက်လုံကျေးရွာထဲက စိုင်းဝမ်းရဲ့နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှ စိုင်းဝမ်းနဲ့အတူ အမျိုးသား(၂)ဦးကို တွေ့ရှိရပြီး ခြံဝန်းအနောက်ဘက်မှာ သီးသန့်ဆောက်လုပ်ထားတဲ့ အဆောက်အဦရဲ့ မြေအောက်ခန်းထဲမှာ စိတ်ကြွဆေးပြားပြုလုပ်တဲ့ စက်ပစ္စည်းတွေအပြင် ဓာတုဆေးရည် ဆေးမှုန့်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကတော့ စိတ်ကြွဆေးပြား (၆၄,၂၉၀)ပြား၊ စိတ်ကြွဆေးအမှုန့် ကီလို(၇၀)ကျော်နဲ့ ကဖင်း စုစုပေါင်း(၆၈)ကီလိုဖြစ်တယ်လို့သိရပြီး တူမီးသေနတ်တစ်လက်နဲ့ လက်လုပ်သေနတ်တစ်လက်တို့လဲ တွေ့ရှိရတယ်လို့ သိရပါတယ်။
မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ စက်ပစ္စည်းတွေနဲ့အတူတွေ့ရှိရတဲ့ အမျိုးသား(၃)ဦးကို တာချီလိတ်မြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ပုဒ်မတွေနဲ့အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
အခုလို စိတ်ကြွဆေးပြားထုတ်လုပ်တဲ့ စက်ဖမ်းဆီးရမိမှုဟာ (၈)လတာ ကာလအတွင်းမှာ ပထမဆုံးဖြစ်ပြီး တာချီလိတ်ခရိုင်အတွင်း မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ ဖမ်းဆီးရမိထားမှုဟာ အမှုပေါင်း (၉၀)ဝန်းကျင်ရှိပြီလို့ မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်က သိရပါတယ်။