လူမႈကယ္ဆယ္ေရး လုပ္ငန္းမ်ားတြင္ စြမ္းစြမ္းတမံ ပါ၀င္ကူညီခဲ့ၾကသည့္ မီးသတ္တပ္ဖြဲ႔၀င္မ်ားႏွင့္ ရဲတပ္ဖြဲ႔(၁)ဦးအား ေက်ာက္မဲလူထုမွ ဂုဏ္ျပဳ

လူမႈကယ္ဆယ္ေရး လုပ္ငန္းမ်ားတြင္ စြမ္းစြမ္းတမံ ပါ၀င္ကူညီခဲ့ၾကသည့္ မီးသတ္တပ္ဖြဲ႔၀င္မ်ားႏွင့္ ရဲတပ္ဖြဲ႔(၁)ဦးအား ေက်ာက္မဲလူထုမွ ဂုဏ္ျပဳ
သြဂုတ် 29, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္ တံခြန္တိုင္ေက်းရြာ နမ့္ေစာင္းေငါင္းေခ်ာင္းတြင္ ၾသဂုတ္(၂၃)ရက္က ေရေခ်ာင္းအတြင္းေမွ်ာပါေသဆံုးခ့ဲသည့္ ပဥၥမတန္းေက်ာင္းသားအား ႀကိဳးစားရွာေဖြေပးခ့ဲေသာ မီးသတ္တပ္ဖြဲ႕ဝင္ႏွင့္ ရဲ၀န္ထမ္းတို႔အား ၿမိဳ႕လူထုမွ ဂုဏ္ျပဳဆု ခ်ီးျမႇင့္ေပးခဲ့ေၾကာင္း သိရသည္။

"အမ်ားျပည္သူကိစၥေတြကို ကိုယ္က်ိဳးမဖက္ပဲနဲ႔ တာဝန္သိသိလုပ္ေပးတဲ႔အတြက္ ပရဟိတသမားေတြနဲ႔ ရပ္မိရပ္ဖေတြေပါင္းၿပီး ဂုဏ္ျပဳပြဲေလး လုပ္ေပးတာပါ၊ အရင္ကေတာ့ ေက်ာက္မဲမွာ ဒီလိုပြဲမိ်ဳးမႀကံဳဖူး၊ မၾကားဖူးပါဘူး ပရဟိတသမားေတြက ဦးေဆာင္စီစဥ္တာေပါ့ မေနႏိုင္တ့ဲ ရပ္မိရပ္ဖေတြကေတာ့ ေငြအားေပါ့၊ ပါဝင္ကူညီေပးၾကတာပါ"ဟု အျဖဴေရာင္ႏွလံုးသားပရဟိတအသင္း ဥကၠဌဦးျမဝင္းက ေျပာသည္။

ဂုဏ္ျပဳပြဲအား ၾသဂုတ္(၂၉)ရက္ေန႔၊ ေန႔လယ္ပိုင္းတြင္ ေက်ာက္မဲၿမိဳ႕ ၿမိဳ႕က်က္သေရေဆာင္ခန္းမ၌ က်င္းပခဲ့ၿပီး ဂုဏ္ျပဳဆုေငြမ်ားႏွင့္အတူ ဆုျပဳလက္မွတ္မ်ားအား ေသဆံုးသြားသည့္ ေက်ာင္းသားအား ေရေခ်ာင္းအတြင္းမွ ဆယ္ယူခဲ့ေသာ မီးသတ္တပ္ဖြဲ႕၀င္(၁၂)ဦးႏွင့္ ရဲတပ္ဖြဲ႕၀င္(၁)ဦးတို႔အား ခ်ီးျမႇင့္ေပးခဲ့ေၾကာင္းသိရသည္။

"ဂုဏ္ျပဳဆုေငြကေတာ့ အခုေလာေလာဆယ္ ငါးသိန္းငါးေသာင္း( ၅၅၀,၀၀၀)ေပါ့၊ အခုအထိ အလွဴေငြေတြ ထပ္ဝင္လာတာ ႐ွိေသးတယ္၊ အခုထပ္ဝင္လာတဲ့ဟာေတြကိုလဲ မီးသတ္တပ္ဖြဲ႕ဝင္ေတြကိုပဲ ျပန္ဂုဏ္ျပဳမွာပါ"ဟု ပြဲစီစဥ္သူတစ္ဦးျဖစ္သည့္ ကိုေက်ာ္ႏိုင္ႏိုင္ထြန္းမွ ေျပာသည္။

ၾသဂုတ္လအတြင္း ေက်ာက္မဲၿမိဳ႕ နမ့္ေစာင္းေငါင္းေခ်ာင္း အတြင္းေရနစ္ေသဆံုးသူ (၂) ဦးရွိခ့ဲၿပီး မီးသတ္တပ္ဖြဲ႕၏ ႀကိဳးစားရွာေဖြေပးမႈျဖင့္ မိသားစု၀င္မ်ားမွ ေသဆံုးသူ၏ ႐ုပ္အေလာင္းမ်ားအား ျပန္လည္ ေတြ႕ရွိခ့ဲျခင္းျဖစ္ၿပီး ၿမိဳ႕လူထုမွ ယခုက့ဲသို႔ ဂုဏ္ျပဳအစီအစဥ္ျပဳလုပ္ေပးခ့ဲျခင္း ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေနၿဖဳိးျမင့္

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် တံခွန်တိုင်ကျေးရွာ နမ့်စောင်းငေါင်းချောင်းတွင် သြဂုတ်(၂၃)ရက်က ရေချောင်းအတွင်းမျှောပါသေဆုံးခဲ့သည့် ပဉ္စမတန်းကျောင်းသားအား ကြိုးစားရှာဖွေပေးခဲ့သော မီးသတ်တပ်ဖွဲ့ဝင်နှင့် ရဲဝန်ထမ်းတို့အား မြို့လူထုမှ ဂုဏ်ပြုဆု ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

"အများပြည်သူကိစ္စတွေကို ကိုယ်ကျိုးမဖက်ပဲနဲ့ တာဝန်သိသိလုပ်ပေးတဲ့အတွက် ပရဟိတသမားတွေနဲ့ ရပ်မိရပ်ဖတွေပေါင်းပြီး ဂုဏ်ပြုပွဲလေး လုပ်ပေးတာပါ၊ အရင်ကတော့ ကျောက်မဲမှာ ဒီလိုပွဲမျိုးမကြုံဖူး၊ မကြားဖူးပါဘူး ပရဟိတသမားတွေက ဦးဆောင်စီစဉ်တာပေါ့ မနေနိုင်တဲ့ ရပ်မိရပ်ဖတွေကတော့ ငွေအားပေါ့၊ ပါဝင်ကူညီပေးကြတာပါ"ဟု အဖြူရောင်နှလုံးသားပရဟိတအသင်း ဥက္ကဌဦးမြဝင်းက ပြောသည်။

ဂုဏ်ပြုပွဲအား သြဂုတ်(၂၉)ရက်နေ့၊ နေ့လည်ပိုင်းတွင် ကျောက်မဲမြို့ မြို့ကျက်သရေဆောင်ခန်းမ၌ ကျင်းပခဲ့ပြီး ဂုဏ်ပြုဆုငွေများနှင့်အတူ ဆုပြုလက်မှတ်များအား သေဆုံးသွားသည့် ကျောင်းသားအား ရေချောင်းအတွင်းမှ ဆယ်ယူခဲ့သော မီးသတ်တပ်ဖွဲ့ဝင်(၁၂)ဦးနှင့် ရဲတပ်ဖွဲ့ဝင်(၁)ဦးတို့အား ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

"ဂုဏ်ပြုဆုငွေကတော့ အခုလောလောဆယ် ငါးသိန်းငါးသောင်း( ၅၅၀,ဝဝဝ)ပေါ့၊ အခုအထိ အလှူငွေတွေ ထပ်ဝင်လာတာ ရှိသေးတယ်၊ အခုထပ်ဝင်လာတဲ့ဟာတွေကိုလဲ မီးသတ်တပ်ဖွဲ့ဝင်တွေကိုပဲ ပြန်ဂုဏ်ပြုမှာပါ"ဟု ပွဲစီစဉ်သူတစ်ဦးဖြစ်သည့် ကိုကျော်နိုင်နိုင်ထွန်းမှ ပြောသည်။

သြဂုတ်လအတွင်း ကျောက်မဲမြို့ နမ့်စောင်းငေါင်းချောင်း အတွင်းရေနစ်သေဆုံးသူ (၂) ဦးရှိခဲ့ပြီး မီးသတ်တပ်ဖွဲ့၏ ကြိုးစားရှာဖွေပေးမှုဖြင့် မိသားစုဝင်များမှ သေဆုံးသူ၏ ရုပ်အလောင်းများအား ပြန်လည် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မြို့လူထုမှ ယခုကဲ့သို့ ဂုဏ်ပြုအစီအစဉ်ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~