ကမ္ဘောဇ အနာဂတ်အလင်းတန်းဖေါင်ဒေးရှင်းက မြန်မာနိုင်ငံ အနှံ့အပြားရှိ ရေဘေးသင့်ပြည်သူများအား ကျပ်ငွေ (၂)ဘီလီယံတန်ဖိုးရှိ အစားအသောက်ရိက္ခာနှင့် ကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်းများအပြင် အမေရိကန်ဒေါ်လာ (၃)သန်းကျော်အား လှူဒါန်းသုံးစွဲပြီး ဖြစ်ကြောင်း သိရသည်။
ရေဘေးကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေသည့် ဒေသများသို့ Air KBZ အထူးလေယာဉ်ဖြင့် သယ်ယူပို့ဆောင်ပေးလျှက်ရှိကြောင်း ကမ္ဘောဇအနာဂတ် အလင်းတန်း မြန်မာဖေါင်ဒေးရှင်းမှ သိရသည်။
"အခုရက်ပိုင်းအတွင်း ရေဘေးကယ်ဆယ်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတဲ့ ဒေသတွေဖြစ်တဲ့ ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦးဒေသ၊ ချင်းပြည်နယ် ဟားခါးဒေသ၊ စစ်ကိုင်းတိုင်း ကလေးမြို့တွေကို သွားရောက်လှူဒါန်းခဲ့ပါတယ်"ဟု ကမ္ဘောဇအနာဂါတ်အလင်းတန်းမြန်မာဖေါင်ဒေးရှင်း တောင်ကြီးမြို့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ကမ္ဘောဇအုပ်စု၊ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံအနှံ့အပြားရှိ ရေဘေးသင့် ဒေသများ၌ အရေးကြီးသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက် ကူညီလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - နိုနို
***************
ကမော္ဘဇ အနာဂတ်အလင်းတန်းဖောင်ဒေးရှင်းက မြန်မာနိုင်ငံ အနှံ့အပြားရှိ ရေဘေးသင့်ပြည်သူများအား ကျပ်ငွေ (၂)ဘီလီယံတန်ဖိုးရှိ အစားအသောက်ရိက္ခါနှင့် ကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်းများအပြင် အမေရိကန်ဒေါ်လာ (၃)သန်းကျော်အား လှူဒါန်းသုံးစွဲပြီး ဖြစ်ကြောင်း သိရသည်။
ရေဘေးကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေသည့် ဒေသများသို့ Air KBZ အထူးလေယာဉ်ဖြင့် သယ်ယူပို့ဆောင်ပေးလျှက်ရှိကြောင်း ကမော္ဘဇအနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ သိရသည်။
"အခုရက်ပိုင်းအတွင်း ရေဘေးကယ်ဆယ်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတဲ့ ဒေသတွဖြေစ်တဲ့ ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦးဒေသ၊ ချင်းပြည်နယ် ဟားခါးဒေသ၊ စစ်ကိုင်းတိုင်း ကလေးမြို့တွေကို သွားရောက်လှူဒါန်းခဲ့ပါတယ်"ဟု ကမော္ဘဇအနာဂါတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း တောင်ကြီးမြို့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ကမော္ဘဇအုပ်စု၊ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံအနှံ့အပြားရှိ ရေဘေးသင့် ဒေသများ၌ အရေးကြီးသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက် ကူညီလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - နိုနို
ဓာတ်ပုံ - Brighter Future Myanmar Foundation