အဆိုပါ သင်တန်းများအား စိတ်ဝင်စားသူများ အနေဖြင့် တာချီလိတ်မြို့၊ တာလော့ကျောင်းရှေ့လမ်း၊ အောင်ပါစေ ဥပဒေအကျိုးဆောင်အဖွဲ့ရုံးရှိ ဗမာယဉ်ကျေးမှုအဖွဲ့ရုံးခန်းတွင် လာရောက် ဆက်သွယ်နိုင်မှာဖြစ်ပြီး ထိုင်းဖုန်း - 083-1549702 နှင့် မြန်မာဖုန်း 084-53096 သို့လည်း ဆက်သွယ် မေးမြန်းနိုင်မှာ ဖြစ်ကြောင်း သိရှိရသည်။
................
တာချီလိတ်မြို့နယ် ဗမာတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့(ယာယီ)မှ အဆို၊ အက၊ အရေး၊ အတီး စသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု ပညာရပ်များကို ၂၀၁၆ခုနှစ် သြဂုတ်လ (၁)ရက်နေ့မှစ၍ အခမဲ့ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အဖွဲ့မှ သင်ကြားပေးမည့် သင်တန်းများတွင် ပန်းချီ၊ ပန်းပု၊ အဆို၊ အက နှင့် အတီးပညာဖြစ်သည့် စန္ဒယား၊ ပတ္တလား အပြင် ဆိုင်းပညာဖြစ်သည့် ဝိုင်း၊ မောင်း၊ ကြေး၊ ပတ်မ နှင့် အုပ်စုံ တီးနည်းများ ပါဝင်မှာ ဖြစ်သည်။
သင်တန်းအား သြဂုတ်လ(၁)ရက်နေ့တွင် စတင်မှာဖြစ်ပြီး သင်ကြားပေးမှု အခြေအနေများကို တစ်လလျှင် တစ်ကြိမ် အရည်အချင်း စစ်ဆေးသွားမှာ ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းများအား စိတ်ဝင်စားသူများ အနဖြေင့် တာချီလိတ်မြို့၊ တာလော့ကျောင်းရှေ့လမ်း၊ အောင်ပါစေ ဥပဒေအကျိုးဆောင်အဖွဲ့ရုံးရှိ ဗမာယဉ်ကျေးမှုအဖွဲ့ရုံးခန်းတွင် လာရောက် ဆက်သွယ်နိုင်မှာဖြစ်ပြီး ထိုင်းဖုန်း - 083-1549702 နှင့် မြန်မာဖုန်း 084-53096 သို့လည်း ဆက်သွယ် မေးမြန်းနိုင်မှာ ဖြစ်ကြောင်း သိရှိရသည်။