တာခ်ီလိတ္၊ ေမလ(၃)
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္ရွိ ေတာင္တန္းသာသနာျပဳ(ဗဟို) ေက်ာင္းထိုင္ဆရာေတာ္ဘုရားႀကီး ဘဒၵႏၲေရဝတ (ဓမၼာစရိယအဘိဓဇအဂၢမဟာသဒၶမေဇာတိက အဂၢမဟာပ႑ိတ) သည္ က်န္းမာေရးအေျခအေနအရ ထုိင္းႏုိင္ငံ ခ်င္းရိုင္း စီပူလင္းေဆးရံုတြင္ ကာလရွည္ၾကာေဆးကုသမႈခံယူေနရဆဲျဖစ္ေၾကာင္း သိရသည္။
လက္ရိွတြင္ ဆရာေတာ္ႀကီး၏ ေဆးကုသစရိတ္အတြက္ ဒါယကာ၊ ဒါယိကာမမ်ားသည္ ေမလ (၈) ရက္ေန႔၌ တာခ်ီလိတ္ၿမိဳ႕တြင္အစည္းအေဝးျပဳလုပ္ၾကရန္ စီစဥ္ေနေၾကာင္း ေတာင္တန္းသာသနာျပဳ လက္ေထာက္ဆရာေတာ္ ဘဒၵႏၲကၠုုႏၵဓမၼ(ဂဏဝါစကဓမၼာစရိယ သာသနဓဇဓမၼာ စရိယ မဟာဂႏၲဝါစကပ႑ိတ) ထံမွ သိရသည္။
ဆရာေတာ္သည္ သက္ေတာ္ (၈၅)နွစ္ သိကၡာဝါေတာ္(၆၅)ဝါရိွေနၿပီး က်န္းမာေရးမေကာင္းသျဖင့္ ရန္ကုန္ၿမိဳ႕တြင္ ေဖေဖာ္ဝါရီလဆန္းမွ မတ္လကုန္အထိ ေဆးရံုတက္၍ ကုသမွဳခံယူခဲ႔ေသာ္လည္း၊ က်န္းမာေရးအေျခအေန ေကာင္းမလာသျဖင့္ ဒါယကာ၊ ဒါယိကာမမ်ားက တာခ်ီလိတ္ၿမိဳ႕မွတစ္ဆင့္ ထုိင္းႏုိင္ငံ မယ္ဆိုင္ၿမိဳ႕ စီပူလင္းေဆးခန္းသို႔ ပို႔ေဆာင္ကာ သြားေရာက္ကုသျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါေဆးခန္းမွတစ္ဆင့္ ဆရာေတာ္အား ခ်င္းရိုင္းၿမိဳ႕ စီပူလင္းေဆးရံုတြင္ တက္ေရာက္ ကုသမႈခံယူေစရန္ လႊဲေျပာင္းလိုက္ရာ လရွည္ ေဆးကုသခံရမႈေၾကာင့္ လက္ရိွတြင္ ကုသမႈကုန္က်စရိတ္ ဘတ္ေငြ ဆယ္သိန္းနီးပါး ကုန္က်ခဲ့ၿပီး ထပ္မံလိုအပ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
“ယခုလက္ရွိမွာလည္း ICU အခန္းထဲကမထြက္ရေသးဘူးဆိုေတာ့ ေဆးဖိုးက အကုန္အက် အရမ္းမ်ားေနပါတယ္။ ဒါယကာ၊ ဒါယိကာမေတြကေတာ့ တကယ္လိုအပ္လာရင္ လွဴဒါန္းေပးၾကမွာပါ။ ဒါေပမဲ့ ကၽြန္ေတာ္တစ္ဦးတည္းရဲ႕ဆႏၵအရ ေျပာျပခ်င္တာပါ။ ျဖစ္နိုင္ရင္ စီပူလင္းေဆးရံုအေနနဲ႔ ထိုင္းနိုင္ငံရဲ႕အိမ္ေရွ႕မင္းသားလည္း ကိုးကြယ္တဲ့ ဆရာေတာ္ႀကီးျဖစ္ေနတာေၾကာင့္ ေဆးဖိုးကုန္က်စရိတ္ေတြကို သက္သာေအာင္ စီစဥ္ေပးရင္ေတာ့ အဆင္ေျပမယ္လို႔ ထင္ပါတယ္”ဟု ဒါယကာတစ္ဦးျဖစ္သူ ဦးတင့္ေဆြက ဆိုသည္။
ဆရာေတာ္၏ က်န္းမာေရးအတြက္ လွဴဒါန္းလိုပါက ေဖာ္ျပပါ ဆက္သြယ္ရန္ႏွင့္လိပ္စာမွ တဆင့္ ဆက္သြယ္လွဴဒါန္းႏိုင္ပါသည္။
ဘုရင္မ စတိုး
ေဒၚေမႏွင္းေအာင္
ျမန္မာဖုန္း။ ။ 09444008066 ၊
ထိုင္းဖုန္း။ ။ 0817162417
ဆန္ဆိုင္းရပ္ကြက္၊ ဗိုလ္ခ်ဳပ္လမ္း၊ တာခ်ီလိတ္ၿမိဳ႕။
...............
တာချီလိတ်၊ မေလ(၃)
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်ရှိ တောင်တန်းသာသနာပြု(ဗဟို) ကျောင်းထိုင်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တရေဝတ (ဓမ္မာစရိယအဘိဓဇအဂ္ဂမဟာသဒ္ဓမဇောတိက အဂ္ဂမဟာပဏ္ဍိတ) သည် ကျန်းမာရေးအခြေအနေအရ ထိုင်းနိုင်ငံ ချင်းရိုင်း စီပူလင်းဆေးရုံတွင် ကာလရှည်ကြာဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဆရာတော်ကြီး၏ ဆေးကုသစရိတ်အတွက် ဒါယကာ၊ ဒါယိကာမများသည် မေလ (၈) ရက်နေ့၌ တာချီလိတ်မြို့တွင်အစည်းအဝေးပြုလုပ်ကြရန် စီစဉ်နေကြောင်း တောင်တန်းသာသနာပြု လက်ထောက်ဆရာတော် ဘဒ္ဒန္တက္ကုန္ဒဓမ္မ(ဂဏဝါစကဓမ္မာစရိယ သာသနဓဇဓမ္မာ စရိယ မဟာဂန္တဝါစကပဏ္ဍိတ) ထံမှ သိရသည်။
ဆရာတော်သည် သက်တော် (၈၅)နှစ် သိက္ခါဝါတော်(၆၅)ဝါရှိနပြေီး ကျန်းမာရေးမကောင်းသဖြင့် ရန်ကုန်မြို့တွင် ဖေဖော်ဝါရီလဆန်းမှ မတ်လကုန်အထိ ဆေးရုံတက်၍ ကုသမှုခံယူခဲ့သော်လည်း၊ ကျန်းမာရေးအခြေအနေ ကောင်းမလာသဖြင့် ဒါယကာ၊ ဒါယိကာမများက တာချီလိတ်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ စီပူလင်းဆေးခန်းသို့ ပို့ဆောင်ကာ သွားရောက်ကုသခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဆေးခန်းမှတစ်ဆင့် ဆရာတော်အား ချင်းရိုင်းမြို့ စီပူလင်းဆေးရုံတွင် တက်ရောက် ကုသမှုခံယူစေရန် လွှဲပြောင်းလိုက်ရာ လရှည် ဆေးကုသခံရမှုကြောင့် လက်ရှိတွင် ကုသမှုကုန်ကျစရိတ် ဘတ်ငွေ ဆယ်သိန်းနီးပါး ကုန်ကျခဲ့ပြီး ထပ်မံလိုအပ်နခြေင်းဖြစ်ကြောင်း သိရသည်။
“ယခုလက်ရှိမှာလည်း ICU အခန်းထဲကမထွက်ရသေးဘူးဆိုတော့ ဆေးဖိုးက အကုန်အကျ အရမ်းများနေပါတယ်။ ဒါယကာ၊ ဒါယိကာမတွေကတော့ တကယ်လိုအပ်လာရင် လှူဒါန်းပေးကြမှာပါ။ ဒါပေမဲ့ ကျွန်တော်တစ်ဦးတည်းရဲ့ဆန္ဒအရ ပြောပြချင်တာပါ။ ဖြစ်နိုင်ရင် စီပူလင်းဆေးရုံအနေနဲ့ ထိုင်းနိုင်ငံရဲ့အိမ်ရှေ့မင်းသားလည်း ကိုးကွယ်တဲ့ ဆရာတော်ကြီးဖြစ်နေတာကြောင့် ဆေးဖိုးကုန်ကျစရိတ်တွေကို သက်သာအောင် စီစဉ်ပေးရင်တော့ အဆင်ပြေမယ်လို့ ထင်ပါတယ်”ဟု ဒါယကာတစ်ဦးဖြစ်သူ ဦးတင့်ဆွေက ဆိုသည်။
ဆရာတော်၏ ကျန်းမာရေးအတွက် လှူဒါန်းလိုပါက ဖော်ပြပါ ဆက်သွယ်ရန်နှင့်လိပ်စာမှ တဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
ဘုရင်မ စတိုး
ဒေါ်မေနှင်းအောင်
မြန်မာဖုန်း။ 09444008066၊
ထိုင်းဖုန်း။ 0817162417
ဆန်ဆိုင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ တာချီလိတ်မြို့။