ပြင့္ျဖဴ၊ ေမလ(၁၈)ရက္
မေကြးတိုင္းေဒသႀကီး ပြင့္ျဖဴၿမိဳ႕နယ္ ေပေတာေက်ာင္းကုန္းရြာတြင္ ခိုလံႈေနသည့္ ရွမ္းျပည္နယ္ ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္ဘက္မွ စစ္ေဘးေရွာင္ကေလး(၇၀)ခန္႔ရိွေနၿပီး စားဝတ္ေနေရးႏွင့္ စာေရးကိရိယာမ်ား မလံုေလာက္မႈျဖစ္ေနေၾကာင္း သိရသည္။
“အစကေတာ့ မႏၱေလး YGW ပရဟိတအဖဲြ႔ကတဆင့္ေရာက္လာၾကတာ။ ေနာက္ပိုင္း သတင္းၾကားနဲ႔ ဒီကိုတိုက္ရိုက္ ေရာက္လာၾကတယ္။ အခု ၂၀၁၆ ခုႏွစ္မွာကိုပဲ အေယာက္ (၂၀)ေက်ာ္ ထပ္ေရာက္လာတယ္” ဟု ေပေတာေက်ာင္းကုန္း ေက်ာင္းထိုင္ ဆရာေတာ္ ဦးေတဇနိယက မိန္႔ၾကားသည္။
အဆိုပါ ေက်ာင္းတုိက္သို႔ ၂၀၁၅ ခုႏွစ္ ေမလမွစတင္၍ စစ္ေဘးဒဏ္ေၾကာင္႔ ေနရပ္စြန္႔ခြာ တိမ္းေရွာင္လာသည့္ ရွမ္းျပည္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္ဘက္မွ စစ္ေဘးေရွာင္ကေလးငယ္မ်ား ေရာက္ရိွလာျခင္းျဖစ္ေၾကာင္း သိရသည္။
“ကၽြန္မက ပေလာင္လူမ်ိဳးပါ။ ကၽြန္မတို႔ဆီမွာ တိုက္ပြဲေတြျဖစ္ေနလို႔ ေက်ာင္းတက္ခြင့္ မရၾကတာေၾကာင္႔ ေက်ာင္းတက္ခ်င္လို႔ ေရာက္လာတာပါ။ ကၽြန္မနဲ႔အတူ ရြာက ကေလး(၁၁)ေယာက္ပါလာပါတယ္”ဟု ကြတ္ခိုင္ၿမိဳ႕နယ္ ပန္ေလာ႔ေက်းရြာမွေရာက္ရိွလာေသာ အသက္ (၁၇)ႏွစ္အရြယ္ရိွ အဌမတန္း ေျဖဆိုထားသူ မေလြေအပူးလ္က ေျပာသည္။
အဆိုပါေက်ာင္းတိုက္တြင္ ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္အတြင္းမွ စစ္ေဘးေရွာင္ လာသူမ်ားတြင္ သူငယ္တန္းမွ အဌမတန္းအထိ ပညာသင္ၾကားေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း။ ။ ဖီးနစ္
.............
ပွင့်ဖြူ၊ မေလ(၁၈)ရက်
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ပေတောကျောင်းကုန်းရွာတွင် ခိုလှုံနေသည့် ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ဘက်မှ စစ်ဘေးရှောင်ကလေး(၇၀)ခန့်ရှိနပြေီး စားဝတ်နေရေးနှင့် စာရေးကိရိယာများ မလုံလောက်မှုဖြစ်နေကြောင်း သိရသည်။
“အစကတော့ မန္တလေး YGW ပရဟိတအဖွဲ့ကတဆင့်ရောက်လာကြတာ။ နောက်ပိုင်း သတင်းကြားနဲ့ ဒီကိုတိုက်ရိုက် ရောက်လာကြတယ်။ အခု ၂၀၁၆ ခုနှစ်မှာကိုပဲ အယောက် (၂၀)ကျော် ထပ်ရောက်လာတယ်” ဟု ပေတောကျောင်းကုန်း ကျောင်းထိုင် ဆရာတော် ဦးတေဇနိယက မိန့်ကြားသည်။
အဆိုပါ ကျောင်းတိုက်သို့ ၂၀၁၅ ခုနှစ် မေလမှစတင်၍ စစ်ဘေးဒဏ်ကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်လာသည့် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ဘက်မှ စစ်ဘေးရှောင်ကလေးငယ်များ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်မက ပလောင်လူမျိုးပါ။ ကျွန်မတို့ဆီမှာ တိုက်ပွဲတွဖြေစ်နေလို့ ကျောင်းတက်ခွင့် မရကြတာကြောင့် ကျောင်းတက်ချင်လို့ ရောက်လာတာပါ။ ကျွန်မနဲ့အတူ ရွာက ကလေး(၁၁)ယောက်ပါလာပါတယ်”ဟု ကွတ်ခိုင်မြို့နယ် ပန်လော့ကျေးရွာမှရောက်ရှိလာသော အသက် (၁၇)နှစ်အရွယ်ရှိ အဌမတန်း ဖြေဆိုထားသူ မလွေအေပူးလ်က ပြောသည်။
အဆိုပါကျောင်းတိုက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းမှ စစ်ဘေးရှောင် လာသူများတွင် သူငယ်တန်းမှ အဌမတန်းအထိ ပညာသင်ကြားနကြခြေင်းဖြစ်ကြောင်း သိရသည်။
သတင်း။ ဖီးနစ်