မိုင္းဟဲေက်ာက္မီးေသြး ဓာတ္အားေပးစက္ရံု သဘာဝပတ္ဝန္းက်င္ဥပေဒအား လုိက္နာရန္ ျပည္နယ္ဝန္ႀကီး သတိေပး

မိုင္းဟဲေက်ာက္မီးေသြး ဓာတ္အားေပးစက္ရံု သဘာဝပတ္ဝန္းက်င္ဥပေဒအား လုိက္နာရန္ ျပည္နယ္ဝန္ႀကီး သတိေပး
မေ 23, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ေမလ(၂၃)ရက္
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဟဲေက်းရြာအုပ္စုအတြင္း အေမရိကန္ေဒၚလာ သန္း(၆၀) ကုန္က်မည့္ ေက်ာက္မီးေသြး လွ်ပ္စစ္ဓာတ္အားေပး စက္ရံုတည္ေဆာက္ေရးလုပ္ငန္းအား သဘာဝပတ္ဝန္းက်င္ ဥပေဒအတိုင္းလိုက္နာေဆာင္ရြက္ရန္ ျပည္နယ္ဝန္ႀကီးက သတိေပးလိုက္သည္။

"ဒီစက္ရံုတည္ေဆာက္မယ့္ ဧရိယာထဲက ေက်းရြာ(၃)ရြာက လူဦးေရ(၄၀၀)ကို ခင္ဗ်ားတို႔ နားလည္ေအာင္ ရွင္းျပၿပီးၿပီဆိုရင္ ဆက္လုပ္ပါ။ အဓိကက ကတိက၀တ္ေတြတည္ဖို႔လိုတယ္။ သတ္မွတ္ခ်က္အတိုင္း ပတ္၀န္းက်င္ မထိခိုက္ေအာင္ တည္ေဆာက္ဖို႔လိုတယ္။ ေက်ာက္မီးေသြးဆိုတာနဲ႔ လူေတြက အဆိုးျမင္ေနၾကတာ အဲဒါကိုနားလည္ေအာင္ေျပာဖို႔လိုတယ္။ ကၽြန္ေတာ္တို႔ႏိုင္ငံရဲ႕ လွ်ပ္စစ္လိုအပ္ခ်က္အရ အခုလို ပတ္၀န္းက်င္မထိခိုက္ဘူးဆိုတဲ့ ေက်ာက္မီးေသြးစက္ရံုေတြ တည္ေဆာက္ရင္ ခြင့္ျပဳရမွာပဲ"ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕၀င္ လွ်ပ္စစ္ႏွင့္ စြမ္းအင္ျပည္နယ္၀န္ႀကီး ဦးေဆြသိန္းက ေျပာၾကားသည္။

အဆိုပါ စက္ရံုစီမံကိန္းအား တာခ်ီလိတ္ေဒသခံမ်ားမွ ကန္႔ကြက္မႈမ်ား ရွိေနေသာ္လည္း ဘိုင္အိုတာဘိုင္ႏွင့္ ေက်ာက္မီးေသြး ႏွစ္မ်ိဳးတြဲသံုးႏိုင္သည့္ စက္ရံုျဖစ္သည့္အတြက္ ေဘးထြက္ဆိုးက်ိဳးနည္းပါးသည့္အျပင္ ၿမိဳ႕ဧရိယာႏွင့္ (၁၄)မိုင္အကြာတြင္ တည္ရွိသည့္အတြက္ ဆက္လက္ တည္ေဆာက္ရန္ ညႊန္ၾကားခဲ့ျခင္း ျဖစ္သည္ဟု ျပည္နယ္ဝန္ႀကီးထံမွ သိရသည္။

အဆိုပါ ေက်ာက္မီးေသြးလွ်ပ္စစ္ဓာတ္အားေပးစက္ရံုအား ထုိင္းႏိုင္ငံမွ ကုမၸဏီတစ္ခုႏွင့္ ျမန္မာႏိုင္ငံမွ မင္းေခတ္သစ္ကုမၸဏီတို႔က ပူးေပါင္းတည္ေဆာက္ရန္ ၂၀၁၂ ခုႏွစ္အတြင္းက MOU လက္မွတ္ေရးထိုး ခဲ့ျခင္းျဖစ္ၿပီး ၂၀၁၇ ခုႏွစ္ ဇြန္လတြင္ လွ်ပ္စစ္ဓာတ္အား စတင္ျဖန္႔ျဖဴးႏုိင္ရန္ လုပ္ေဆာင္ေနေၾကာင္း သိရသည္။
"ကၽြန္ေတာ္တို႔ ၂၀၁၇ ခုႏွစ္ ဇြန္လေလာက္မွာ တာဘိုင္တစ္လံုးစတင္လည္ပတ္ဖို႔ ျပင္ဆင္ထားပါတယ္။ ဒီလိုပဲ (၄)လၾကာမွာ ေနာက္တစ္လံုးနဲ႔ တစ္လံုးခ်င္းစီလည္ပတ္သြားဖို႔ စီစဥ္ထားပါတယ္။”ဟု ေက်ာက္မီးေသြးစက္ရံု တည္ေဆာက္ေရးတာ၀န္ခံ မင္းေခတ္သစ္ကုမၸဏီမွ အၾကံေပး ဦးေစာလြင္က ေျပာသည္။

အဆိုပါ ေက်ာက္မီးေသြးလွ်ပ္စစ္ဓာတ္အားေပးစက္ရံုမွ လွ်ပ္စစ္ဓာတ္အား (၂၀) မဂၢါ၀ပ္ထြက္ရွိမည္ျဖစ္သျဖင့္ တာခ်ီလိတ္ၿမိဳ႕အား လံုေလာက္စြာ မီးေပးႏိုင္မည္ျဖစ္ၿပီး စက္ရံုအား ႏွစ္ေပါင္း (၂၀) ေက်ာက္မီးေသြး အသံုးျပဳ လည္ပတ္မည္ျဖစ္ကာ ေနာက္ပိုင္းတြင္ ဘိုင္အိုတာဘိုင္ျဖင့္ လည္ပတ္မည္ျဖစ္ေၾကာင္း အဆိုပါစက္ရံုအား တာ၀န္ယူ တည္ေဆာက္လွ်က္ရွိသည့္ မင္းေခတ္သစ္ကုမၸဏီမွ သိရသည္။

သတင္း။  ။ ကိုဇက္
ဓာတ္ပံု။  ။ ေဇာင္းညီ
.................
တာချီလိတ်၊ မေလ(၂၃)ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းဟဲကျေးရွာအုပ်စုအတွင်း အမေရိကန်ဒေါ်လာ သန်း(၆၀) ကုန်ကျမည့် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောက်ရေးလုပ်ငန်းအား သဘာဝပတ်ဝန်းကျင် ဥပဒေအတိုင်းလိုက်နာဆောင်ရွက်ရန် ပြည်နယ်ဝန်ကြီးက သတိပေးလိုက်သည်။
"ဒီစက်ရုံတည်ဆောက်မယ့် ဧရိယာထဲက ကျေးရွာ(၃)ရွာက လူဦးရေ(၄၀၀)ကို ခင်ဗျားတို့ နားလည်အောင် ရှင်းပြပြီးပြီဆိုရင် ဆက်လုပ်ပါ။ အဓိကက ကတိကဝတ်တွေတည်ဖို့လိုတယ်။ သတ်မှတ်ချက်အတိုင်း ပတ်ဝန်းကျင် မထိခိုက်အောင် တည်ဆောက်ဖို့လိုတယ်။ ကျောက်မီးသွေးဆိုတာနဲ့ လူတွေက အဆိုးမြင်နကြေတာ အဲဒါကိုနားလည်အောင်ပြောဖို့လိုတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လျှပ်စစ်လိုအပ်ချက်အရ အခုလို ပတ်ဝန်းကျင်မထိခိုက်ဘူးဆိုတဲ့ ကျောက်မီးသွေးစက်ရုံတွေ တည်ဆောက်ရင် ခွင့်ပြုရမှာပဲ"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် စွမ်းအင်ပြည်နယ်ဝန်ကြီး ဦးဆွေသိန်းက ပြောကြားသည်။
အဆိုပါ စက်ရုံစီမံကိန်းအား တာချီလိတ်ဒေသခံများမှ ကန့်ကွက်မှုများ ရှိနေသော်လည်း ဘိုင်အိုတာဘိုင်နှင့် ကျောက်မီးသွေး နှစ်မျိုးတွဲသုံးနိုင်သည့် စက်ရုံဖြစ်သည့်အတွက် ဘေးထွက်ဆိုးကျိုးနည်းပါးသည့်အပြင် မြို့ဧရိယာနှင့် (၁၄)မိုင်အကွာတွင် တည်ရှိသည့်အတွက် ဆက်လက် တည်ဆောက်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်ဟု ပြည်နယ်ဝန်ကြီးထံမှ သိရသည်။
အဆိုပါ ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံအား ထိုင်းနိုင်ငံမှ ကုမ္ပဏီတစ်ခုနှင့် မြန်မာနိုင်ငံမှ မင်းခေတ်သစ်ကုမ္ပဏီတို့က ပူးပေါင်းတည်ဆောက်ရန် ၂၀၁၂ ခုနှစ်အတွင်းက MOU လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် ဇွန်လတွင် လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူးနိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။
"ကျွန်တော်တို့ ၂၀၁၇ ခုနှစ် ဇွန်လလောက်မှာ တာဘိုင်တစ်လုံးစတင်လည်ပတ်ဖို့ ပြင်ဆင်ထားပါတယ်။ ဒီလိုပဲ (၄)လကြာမှာ နောက်တစ်လုံးနဲ့ တစ်လုံးချင်းစီလည်ပတ်သွားဖို့ စီစဉ်ထားပါတယ်။”ဟု ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရေးတာဝန်ခံ မင်းခေတ်သစ်ကုမ္ပဏီမှ အကြံပေး ဦးစောလွင်က ပြောသည်။
အဆိုပါ ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အား (၂၀) မဂ္ဂါဝပ်ထွက်ရှိမည်ဖြစ်သဖြင့် တာချီလိတ်မြို့အား လုံလောက်စွာ မီးပေးနိုင်မည်ဖြစ်ပြီး စက်ရုံအား နှစ်ပေါင်း (၂၀) ကျောက်မီးသွေး အသုံးပြု လည်ပတ်မည်ဖြစ်ကာ နောက်ပိုင်းတွင် ဘိုင်အိုတာဘိုင်ဖြင့် လည်ပတ်မည်ဖြစ်ကြောင်း အဆိုပါစက်ရုံအား တာဝန်ယူ တည်ဆောက်လျှက်ရှိသည့် မင်းခေတ်သစ်ကုမ္ပဏီမှ သိရသည်။
သတင်း။ ကိုဇက်
ဓာတ်ပုံ။ ဇောင်းညီ
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~