က်ိဳင္းတံု၊ ေမလ (၅) ရက္
ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတံုၿမိဳ႕တြင္ ေရေပးေဝေရးအား ေမလမွစ၍ လက္ရိွထက္ ႏွစ္ဆတိုးျမွင့္ ေပးေဝႏုိင္ေတာ့မည္ျဖစ္ေၾကာင္း က်ဳိင္းတံုၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီထံမွ သိရသည္။
" ဧၿပီလကုန္ခါနီးေလာက္က ခုဒီရွစ္လက္မပိုက္ေတြ ေရာက္လာၿပီး စမ္းၾကည့္လိုက္တဲ့အခ်ိန္က်ေတာ့ ေရကေတာ္ေတာ္ အေျခအေနေကာင္းပါတယ္။ ၿမိဳ႕အတြက္ကေတာ့ သိပ္မပူရေတာ့ပါဘူး။ " ဟု က်ဳိင္းတံုၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီ၊ အင္ဂ်င္နီယာဌာနမွ ၊ လက္ေထာက္အင္ဂ်င္နီယာမွဴး ဦးျမင့္ေက်ာ္သူက ေျပာသည္။
ေခ်ာင္းေရအား အေႏွးစစ္ကန္၊ ေရစစ္ကန္မ်ားသို႔ အဆင့္ဆင့္ သြယ္တန္းကာ ေရသိုေလွာင္ကန္တြင္း ေရာက္ရိွေစၿပီး ၿမိဳ႕တြင္းျဖန္႔ေဝေပးျခင္းျဖစ္ေၾကာင္း သိရသည္။
" ကြၽန္ေတာ္တို႔ သြယ္ယူထားတဲ့ေရကိုက ေခ်ာင္းေရေနာက္ေတြျဖစ္တဲ့အတြက္ ရာႏႈန္းျပည့္သန္႔ဖို႔ကေတာ့ မျဖစ္ႏိုင္ပါဘူး။ ေရဖူလံုမႈအတြက္ကေတာ့ ဖူလံုပါေတာ့မယ္။ ႏွစ္ဆျဖစ္သြားတာကိုး။ လက္ရိွ (၈) လက္မ ပိုက္ေတြ က်လာတယ္။ ေနာက္တစ္ေခါက္က်လာတာကလည္း (၈) လက္မပိုက္ပဲ။ ေရဖူလံုမႈအတြက္ ၉၀ ရာခိုင္ႏႈန္း ေသခ်ာပါၿပီ။ " ဟု ၎က ဆိုသည္။
ထပ္မံတိုးခ်ဲ႕လိုက္သည့္ ေရပိုက္လိုင္းသစ္ သြယ္တန္းျခင္းလုပ္ငန္းအတြက္ နယ္စပ္ေဒသဖြံ႕ၿဖိဳးေရးဦးစီးဌာန (နတလ) မွ က်ပ္ (၃၅၄၆.၅၀) သိန္းႏွင့္ စည္ပင္သာယာေရးေကာ္မတီမွ က်ပ္ (၁၅၅၃.၅၀) သိန္း စုစုေပါင္း က်ပ္(၅၁၀၀)သိန္း ကုန္က်ခံကာ လြယ္ေမြေဆာက္လုပ္ေရးကုမၸဏီက ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလ (၁၀) ရက္ေန႔၌ စတင္တာဝန္ယူေဆာင္ရြက္ခဲ့ျခင္းျဖစ္ၿပီး ဧၿပီလ (၃၀) ရက္ေန႔တြင္ ေဆာင္ရြက္ ၿပီးစီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ေရပိုက္လိုင္းသစ္မွ ဂါလံေပါင္းႏွစ္သိန္း ေန႔စဥ္ပံုမွန္ ရရိွမည္ျဖစ္ၿပီး စည္ပင္သာယာေရးဌာနက ေရတစ္ယူနစ္လွ်င္ က်ပ္ (၂၅၀)ႏႈန္းျဖင့္ ေကာက္ခံေနျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း။ ။ ဇင္ေအာင္
..................
ကျိုင်းတုံ၊ မေလ (၅) ရက်
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ရေပေးဝေရေးအား မေလမှစ၍ လက်ရှိထက် နှစ်ဆတိုးမြှင့် ပေးဝေနိုင်တော့မည်ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
" ဧပြီလကုန်ခါနီးလောက်က ခုဒီရှစ်လက်မပိုက်တွေ ရောက်လာပြီး စမ်းကြည့်လိုက်တဲ့အချိန်ကျတော့ ရေကတော်တော် အခြေအနေကောင်းပါတယ်။ မြို့အတွက်ကတော့ သိပ်မပူရတော့ပါဘူး။ " ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာနမှ၊ လက်ထောက်အင်ဂျင်နီယာမှူး ဦးမြင့်ကျော်သူက ပြောသည်။
ချောင်းရေအား အနှေးစစ်ကန်၊ ရေစစ်ကန်များသို့ အဆင့်ဆင့် သွယ်တန်းကာ ရေသိုလှောင်ကန်တွင်း ရောက်ရှိစပြေီး မြို့တွင်းဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။
" ကျွန်တော်တို့ သွယ်ယူထားတဲ့ရေကိုက ချောင်းရေနောက်တွဖြေစ်တဲ့အတွက် ရာနှုန်းပြည့်သန့်ဖို့ကတော့ မဖြစ်နိုင်ပါဘူး။ ရေဖူလုံမှုအတွက်ကတော့ ဖူလုံပါတော့မယ်။ နှစ်ဆဖြစ်သွားတာကိုး။ လက်ရှိ (၈) လက်မ ပိုက်တွေ ကျလာတယ်။ နောက်တစ်ခေါက်ကျလာတာကလည်း (၈) လက်မပိုက်ပဲ။ ရေဖူလုံမှုအတွက် ၉၀ ရာခိုင်နှုန်း သေချာပါပြီ။ " ဟု၎င်းက ဆိုသည်။
ထပ်မံတိုးချဲ့လိုက်သည့် ရေပိုက်လိုင်းသစ် သွယ်တန်းခြင်းလုပ်ငန်းအတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန (နတလ) မှ ကျပ် (၃၅၄၆.၅၀) သိန်းနှင့် စည်ပင်သာယာရေးကော်မတီမှ ကျပ် (၁၅၅၃.၅၀) သိန်း စုစုပေါင်း ကျပ်(၅၁၀၀)သိန်း ကုန်ကျခံကာ လွယ်မွေဆောက်လုပ်ရေးကုမ္ပဏီက ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့၌ စတင်တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဧပြီလ (၃၀) ရက်နေ့တွင် ဆောင်ရွက် ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေပိုက်လိုင်းသစ်မှ ဂါလံပေါင်းနှစ်သိန်း နေ့စဉ်ပုံမှန် ရရှိမည်ဖြစ်ပြီး စည်ပင်သာယာရေးဌာနက ရေတစ်ယူနစ်လျှင် ကျပ် (၂၅၀)နှုန်းဖြင့် ကောက်ခံနခြေင်းဖြစ်ကြောင်း သိရသည်။
သတင်း။ ဇင်အောင်