သတင်း။ ။ ဇင်အောင်
...............
ကျိုင်းတုံမြို့၊ အမှတ် (၄) ရပ်ကွက်၊ မြို့သစ်၊ ကျိုင်းလိတ်ရွာတွင် ယနေ့ မေလ ( ၁၈ )ရက်၊ နံနက် (၃း၂၅)နာရီခန့်က ဖုန်းအားသွင်းထားရာမှ မီးကြိုးခွေအပူလွန်ကဲပြီး မီးစတင် လောင်ကျွမ်းခဲ့ရာ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၂)ထပ်အိမ်တစ်လုံး မီးလောင်ပြာကျသွားခဲ့ကြောင်း နှင့် လူ(၃)ဦးမှာ မစိုးရိမ်ရသည့် မီးလောင်ဒဏ်ရာရရှိပြီး ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ဆေးကုမှု ခံယူနေရကြောင်း သိရှိရသည်။
သတင်း။ ဇင်အောင်
ဓာတ်ပုံ - တွဲဖက်ပြည်နယ်မီးသတ်ဦးစီးမှူးရုံး