ဘာသာျပန္၊ ေမလ(၁၂)
အင္ဒိုနီးရွားႏိုင္ငံက ဒနိမ်ိဳးႏြယ္စုမွာ ေသဆံုးသူရဲ႕ဝိဥာဥ္အတြက္ေရာ ဝမ္းနည္းပူေဆြးမႈကို ေဖၚျပရာမွာပါ ဒနိမ်ိဳးႏြယ္စုဝင္ အမ်ိဳးသမီးေတြဟာ အေရးအပါဆံုးျဖစ္ပါတယ္။
ေသဆံုးသြားတဲ့လူရဲ႕ ဝိဥာဥ္ေတြကို လူေတြေနတဲ့ေနရာကေန ေမာင္းထုတ္ပစ္ဖို႔အတြက္ လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာကတည္းက ဒီနည္းလမ္းကို အသံုးျပဳေနၾကတာပါ။ ဝမ္းနည္းပူေဆြးမႈကို ေဖၚျပတဲ့ အခမ္းအနားေတြကိုေတာ့ တကယ္အေရးပါတဲ့ အမ်ိဳးသားေတြနဲ႔ တိုက္ပြဲမွာ က်ဆံုးသြားသူေတြအတြက္ ျပဳလုပ္ေလ့ရိွၾကပါတယ္။
ဒီလိုလူမ်ိဳးေတြရဲ႕ ဝိဥာဥ္ဟာ အင္အားေကာင္းတယ္လို႔ သူတို႔က ယံုၾကည္ထားတာပါ။ အဲဒီလို အမ်ိဳးသားေတြရဲ႕ ရုပ္အေလာင္းကို မီးမရိႈ႕ဘဲ မမ္မီလုပ္ပစ္ၾကပါတယ္။ ဝမ္းနည္းပူေဆြးျခင္း ေဖၚျပတဲ့ အခမ္းအနားကို ေနရာမေရြးက်င္းပႏုိင္ၿပီးေတာ့ ဒီပြဲမွာ အမိ်ဳးသမီးေတြက ေျမဝါရႊံ႕ေစးေတြက မ်က္ႏွာနဲ႕ ခႏၶာကိုယ္မွာ သုတ္လိမ္းၿပီး သူတို႔ေဆြမ်ိဳးေသဆံုးမႈအတြက္ ဝမ္းနည္းမႈကို ေဖၚျပၾကတာပါ။
ဒီေနာက္မွာေတာ့့ ပြဲမွာ ဦးေဆာင္သူတစ္ဦးက အမ်ိဳးသမီးငယ္တစ္ဦးရဲ႕ လက္ေခ်ာင္းအေပၚပိုင္းကို ျဖတ္ေတာက္ယူပါတယ္။ ဒီလိုလက္ေခ်ာင္း ျဖတ္မယူခင္မွာေတာ့ မိန္းကေလးရဲ႕လက္ကို နာရီဝက္ေလာက္ၾကာေအာင္ ႀကိဳးနဲ႔ ခ်ည္ထားတာျဖစ္ပါတယ္။ ဒီေနာက္မွာေတာ့ ျဖတ္ထုတ္လိုက္တဲ့ လက္ေခ်ာင္းေတြကို ေျခာက္ေအာင္ထား မီးရိႈ႕ၿပီး သီးသန္႔ေနရာမွာ ျမဳပ္ႏွံရပါတယ္။
ဒီလိုရက္စက္တဲ့ ဓေလ့ကို အခုအခ်ိန္မွာ တားျမစ္ထားေပမဲ့ သက္လတ္ပိုင္းအမ်ိဳးသမီးႀကီးေတြမွာေတာ့ ဒီဓေလ့ရဲ႕သက္ေရာက္မႈအျဖစ္ သူတို႔ေဆြမ်ိဳးေတြ ေသဆံုးသြားတိုင္း ျဖတ္ေတာက္ပစ္ခဲ့ရလို႔ လက္ေခ်ာင္းေတြ မရိွေတာ့တာ တခ်ိဳ႕ဆို ေဆြမ်ိဳးေတြ ေသဆံုးသူမ်ားတဲ့အတြက္ နားရြက္အဖ်ားပိုင္းကိုပါ ျဖတ္ေတာက္ခံထားရတာကို ေတြ႕ရပါတယ္။
ဘာသာျပန္။ ။ နန္းေမာက္ကြမ္
Ref; oddculture.com, brommel.net, dgrin.com
..............
ဘာသာပြန်၊ မေလ(၁၂)
အင်ဒိုနီးရှားနိုင်ငံက ဒနိမျိုးနွယ်စုမှာ သေဆုံးသူရဲ့ဝိဉါဉ်အတွက်ရော ဝမ်းနည်းပူဆွေးမှုကို ဖော်ပြရာမှာပါ ဒနိမျိုးနွယ်စုဝင် အမျိုးသမီးတွေဟာ အရေးအပါဆုံးဖြစ်ပါတယ်။
သေဆုံးသွားတဲ့လူရဲ့ ဝိဉါဉ်တွေကို လူတွေနေတဲ့နေရာကနေ မောင်းထုတ်ပစ်ဖို့အတွက် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဒီနည်းလမ်းကို အသုံးပြုနကြေတာပါ။ ဝမ်းနည်းပူဆွေးမှုကို ဖော်ပြတဲ့ အခမ်းအနားတွေကိုတော့ တကယ်အရေးပါတဲ့ အမျိုးသားတွေနဲ့ တိုက်ပွဲမှာ ကျဆုံးသွားသူတွေအတွက် ပြုလုပ်လေ့ရှိကြပါတယ်။
ဒီလိုလူမျိုးတွေရဲ့ ဝိဉါဉ်ဟာ အင်အားကောင်းတယ်လို့ သူတို့က ယုံကြည်ထားတာပါ။ အဲဒီလို အမျိုးသားတွေရဲ့ ရုပ်အလောင်းကို မီးမရှို့ဘဲ မမ်မီလုပ်ပစ်ကြပါတယ်။ ဝမ်းနည်းပူဆွေးခြင်း ဖော်ပြတဲ့ အခမ်းအနားကို နေရာမရွေးကျင်းပနိုင်ပြီးတော့ ဒီပွဲမှာ အမျိုးသမီးတွေက မြေဝါရွှံ့စေးတွေက မျက်နှာနဲ့ ခန္ဓာကိုယ်မှာ သုတ်လိမ်းပြီး သူတို့ဆွေမျိုးသေဆုံးမှုအတွက် ဝမ်းနည်းမှုကို ဖော်ပြကြတာပါ။
ဒီနောက်မှာတော့ ပွဲမှာ ဦးဆောင်သူတစ်ဦးက အမျိုးသမီးငယ်တစ်ဦးရဲ့ လက်ချောင်းအပေါ်ပိုင်းကို ဖြတ်တောက်ယူပါတယ်။ ဒီလိုလက်ချောင်း ဖြတ်မယူခင်မှာတော့ မိန်းကလေးရဲ့လက်ကို နာရီဝက်လောက်ကြာအောင် ကြိုးနဲ့ ချည်ထားတာဖြစ်ပါတယ်။ ဒီနောက်မှာတော့ ဖြတ်ထုတ်လိုက်တဲ့ လက်ချောင်းတွေကို ခြောက်အောင်ထား မီးရှို့ပြီး သီးသန့်နေရာမှာ မြုပ်နှံရပါတယ်။
ဒီလိုရက်စက်တဲ့ ဓလေ့ကို အခုအချိန်မှာ တားမြစ်ထားပေမဲ့ သက်လတ်ပိုင်းအမျိုးသမီးကြီးတွေမှာတော့ ဒီဓလေ့ရဲ့သက်ရောက်မှုအဖြစ် သူတို့ဆွေမျိုးတွေ သေဆုံးသွားတိုင်း ဖြတ်တောက်ပစ်ခဲ့ရလို့ လက်ချောင်းတွေ မရှိတော့တာ တချို့ဆို ဆွေမျိုးတွေ သေဆုံးသူများတဲ့အတွက် နားရွက်အဖျားပိုင်းကိုပါ ဖြတ်တောက်ခံထားရတာကို တွေ့ရပါတယ်။
ဘာသာပြန်။ နန်းမောက်ကွမ်
Ref; oddculture.com, brommel.net, dgrin.com