တာခ်ီလိတ္၊ ေမလ(၂၇)
တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း မွ လူငယ္၊ လူရြယ္မ်ားႏွင့္ အသက္ေမြး၀မ္းေက်ာင္း ပညာကို တတ္ေျမာက္လိုသူမ်ား အတြက္ ေအာက္ေဖၚျပပါ သင္တန္းမ်ား ဖြင့္လွစ္ရန္ အစီအစဥ္မ်ား ရွိပါသျဖင့္ စိတ္ပါ၀င္စားသူမ်ားအေနျဖင့္ တာခ်ီလိတ္ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနရံုးသို႔ ေမလ(၂၈) ရက္ေန႔ ညေန(၅)နာရီ ေနာက္ဆံုးထားကာ ႀကိဳတင္စာရင္းလာေရာက္ေပးသြားႏိုင္မွာျဖစ္ေၾကာင္း တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ထံမွ သိရသည္။
သင္ၾကားပို႔ခ်ေပးမည့္ သက္ေမြး၀မ္းေက်ာင္း ပညာသင္တန္းမ်ားတြင္ အမ်ဳိးအစား (၁၉)မ်ဳိး ပါ၀င္ေၾကာင္း ႏွင့္ စာရင္းေပးသြင္းရန္ သတ္မွတ္ရက္ႏွင့္ သတ္မွတ္အခ်ိန္အတြင္း ႀကိဳတင္စာရင္းမ်ား ေပးထားရန္လိုအပ္မွာ ျဖစ္ေၾကာင္း သိရသည္။
သင္ၾကားေပးမည့္ သင္တန္း(၁၉)မ်ဳိးမွာ -
- (၁) လယ္ယာသံုးစက္ကိရိယာမ်ား ျပဳျပင္ထိန္းသိမ္းေရးသင္တန္း
- (၂) ဟိုတယ္ႏွင့္ခရီးသြားလာေရးသင္တန္း
- (၃) ေမြးျမဴေရးဆိုင္ရာ ေရာဂါကာကြယ္တားဆီးေရးသင္တန္း
- (၄) ေမာ္ေတာ္ဆိုင္ကယ္ျပဳျပင္ထိန္းသိမ္းေရးသင္တန္း
- (၅) ေနစြမ္းအင္ အသံုးခ်နည္းပညာသင္တန္း
- (၆) ေျမတိုင္းပညာဘာသာရပ္သင္တန္း
- (၇) ဂေဟဆက္သင္တန္း
- (၈) အိမ္တြင္းလွ်ပ္စစ္သြယ္တန္းျခင္းသင္တန္း
- (၉) အိမ္တြင္း လွ်ပ္စစ္ပစၥည္းမ်ားျပဳျပင္ထိန္းသိမ္းျခင္းသင္တန္း
- (၁၀) ေလေအးေပးစက္တပ္ဆင္မႈသင္တန္း
- (၁၁) လက္သမား(အေဆာက္အဦ)သင္တန္း
- (၁၂) ပရိေဘာဂျပဳလုပ္ျခင္းသင္တန္း
- (၁၃) ကြန္ကရစ္လုပ္သားသင္တန္း
- (၁၄) Auto CAD Drawing သင္တန္း
- (၁၅) ပန္းရံသင္တန္း
- (၁၆) သံခ်ည္သံေကြးသင္တန္း
- (၁၇) ပိုက္ျပင္ပိုက္ဆက္သင္တန္း
- (၁၈) အေျခခံ ကြန္ပ်ဴတာသင္တန္း
- (၁၉) တြင္ခံုသင္တန္း
လတ္တေလာတြင္ အဓိက လိုအပ္ခ်က္မွာ စာရင္းေပးသြင္းထားရန္လိုအပ္သည့္အတြက္ တာခ်ီလိတ္ၿမိဳ႕နယ္၊ ဆန္ဆိုင္း(၅)လမ္းအနီး၊ ဗိုလ္ခ်ဳပ္လမ္းမေဘး၊ တာခ်ီလိတ္ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနရံုးသို႔ သြားေရာက္ စံုစမ္းကာ စာရင္းေပးသြင္းႏိုင္မွာျဖစ္သည္။ ( ျမန္မာဖုန္း - 08451505 )
...........................
တာချီလိတ်၊ မေလ(၂၇)
တာချီလိတ်မြို့နယ်အတွင်း မှ လူငယ်၊ လူရွယ်များနှင့် အသက်မွေးဝမ်းကျောင်း ပညာကို တတ်မြောက်လိုသူများ အတွက် အောက်ဖော်ပြပါ သင်တန်းများ ဖွင့်လှစ်ရန် အစီအစဉ်များ ရှိပါသဖြင့် စိတ်ပါဝင်စားသူများအနဖြေင့် တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ မေလ(၂၈) ရက်နေ့ ညနေ(၅)နာရီ နောက်ဆုံးထားကာ ကြိုတင်စာရင်းလာရောက်ပေးသွားနိုင်မှာဖြစ်ကြောင်း တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ထံမှ သိရသည်။
သင်ကြားပို့ချပေးမည့် သက်မွေးဝမ်းကျောင်း ပညာသင်တန်းများတွင် အမျိုးအစား (၁၉)မျိုး ပါဝင်ကြောင်း နှင့် စာရင်းပေးသွင်းရန် သတ်မှတ်ရက်နှင့် သတ်မှတ်အချိန်အတွင်း ကြိုတင်စာရင်းများ ပေးထားရန်လိုအပ်မှာ ဖြစ်ကြောင်း သိရသည်။
သင်ကြားပေးမည့် သင်တန်း(၁၉)မျိုးမှာ -
- (၁) လယ်ယာသုံးစက်ကိရိယာများ ပြုပြင်ထိန်းသိမ်းရေးသင်တန်း
- (၂) ဟိုတယ်နှင့်ခရီးသွားလာရေးသင်တန်း
- (၃) မွေးမြူရေးဆိုင်ရာ ရောဂါကာကွယ်တားဆီးရေးသင်တန်း
- (၄) မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းရေးသင်တန်း
- (၅) နေစွမ်းအင် အသုံးချနည်းပညာသင်တန်း
- (၆) မြေတိုင်းပညာဘာသာရပ်သင်တန်း
- (၇) ဂဟေဆက်သင်တန်း
- (၈) အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်း
- (၉) အိမ်တွင်း လျှပ်စစ်ပစ္စည်းများပြုပြင်ထိန်းသိမ်းခြင်းသင်တန်း
- (၁၀) လေအေးပေးစက်တပ်ဆင်မှုသင်တန်း
- (၁၁) လက်သမား(အဆောက်အဦ)သင်တန်း
- (၁၂) ပရိဘောဂပြုလုပ်ခြင်းသင်တန်း
- (၁၃) ကွန်ကရစ်လုပ်သားသင်တန်း
- (၁၄) Auto CAD Drawing သင်တန်း
- (၁၅) ပန်းရံသင်တန်း
- (၁၆) သံချည်သံကွေးသင်တန်း
- (၁၇) ပိုက်ပြင်ပိုက်ဆက်သင်တန်း
- (၁၈) အခြေခံ ကွန်ပျူတာသင်တန်း
- (၁၉) တွင်ခုံသင်တန်း
လတ်တလောတွင် အဓိက လိုအပ်ချက်မှာ စာရင်းပေးသွင်းထားရန်လိုအပ်သည့်အတွက် တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(၅)လမ်းအနီး၊ ဗိုလ်ချုပ်လမ်းမဘေး၊ တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ သွားရောက် စုံစမ်းကာ စာရင်းပေးသွင်းနိုင်မှာဖြစ်သည်။ ( မြန်မာဖုန်း - 08451505 )