မႏၱေလး၊ ေမလ (၂၀) ရက္
တရားစီရင္ေရးမ႑ဳိင္တည့္မတ္ေရးအတြက္ ဥပေဒအရာရိွမ်ားအေနျဖင့္ အဂတိကင္းရွင္းၿပီး ျပည္သူကိုမ်က္ႏွာမူကာ ျပည္သူအက်ဳိးေဆာင္ရြက္ၾကရန္ မႏၱေလးတုိင္းေဒသႀကီး၀န္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္က တိုက္တြန္းလိုက္သည္။
မႏၱေလးတုိင္းေဒသႀကီးအတြင္းရွိ ဥပေဒပညာရွင္မ်ားႏွင့္ ေမလ (၁၈) ရက္က ေတြ႔ဆံုရာတြင္ ယင္းကဲ့သို႔ တိုက္တြန္းေျပာၾကားလိုက္ျခင္း ျဖစ္သည္။
“ ဥပေဒပညာရွင္ေတြအေနနဲ႔ တရားစီရင္ေရးက႑မွာ ပါ၀င္ေဆာင္ရြက္တဲ့ေနရာမွာ အဓိကအေနနဲ႔ အဂတိ ကင္းရွင္းဖုိ႔၊ ဥပေဒ၊ နည္းဥပေဒ လုပ္ထုံးလုပ္နည္းနဲ႔အညီေဆာင္ရြက္ၾကဖုိ႔၊ ျပည္သူကုိမ်က္ႏွာမူၿပီး ျပည္သူအက်ဳိး ကုိေဆာင္ရြက္ၾကဖုိ႔ အေရးႀကီးေၾကာင္း မွာၾကားလုိပါတယ္” ဟု တုိင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာသည္။
ဥပေဒအရာရွိမ်ား အေနျဖင့္ ျပစ္မႈတစ္ခု တရားရုံးသုိ႔ စြဲမတင္ပုိ႔မီ ဆီေလ်ာ္သည့္ ဥပေဒပုဒ္မမ်ားႏွင့္ တရားစြဲႏိုင္ေရး အႀကံဥာဏ္ေပးျခင္းအျပင္ တရားစြဲၿပီးခ်ိန္တြင္လည္း အမႈမ်ားျမန္ျမန္ၿပီးျပတ္ေရးအတြက္ သက္ဆုိင္ရာ တရားသူႀကီး၊ ဥပေဒအရာရွိ၊ တရားစြဲအဖြဲ႔အစည္းတုိႏွင့္ ညိွႏိႈင္းေဆာင္ရြက္ၾကရန္လိုေၾကာင္း ၎ကဆိုသည္။
“အမႈေတြ ၾကန္္႔ၾကာျခင္းအားျဖင့္ ႏုိင္ငံ့၀န္ထမ္းေတြရဲ႕ လုပ္အားသုံးစြဲမႈ၊ အမႈသည္ေတြရဲ႕ စား၀တ္ေနေရး၊ ပူေဆြး ေသာကျဖစ္မႈေတြက ၀န္ထုပ္၀န္ပုိးျဖစ္လာႏုိင္တဲ့အတြက္ ဥပေဒပညာရွင္ေတြအေနနဲ႔ ဒါကုိသတိထားရပါမယ္။ အမႈေတြမွာ ဥပေဒ၊နည္းဥပေဒ လုပ္ထုံးလုပ္နည္းနဲ႔ ညြန္ၾကားခ်က္ေတြမွာ အားနည္းခ်က္ အနည္းငယ္ရွိတာကုိ အခြင့္ေကာင္းယူၿပီး လုိရာဆြဲယူ မေဆာင္ရြက္ၾကဖုိ႔ လုိအပ္ပါတယ္” ဟု တုိင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္က ေျပာသည္။
ႏုိင္ငံေတာ္မွ တရားစီရင္ေရးအာဏာ အပ္ႏွံျခင္းခံထားရသည့္ တရားသူႀကီးမ်ားအေနျဖင့္လည္း ႏုိင္ငံေတာ္မွေပး ထားသည့္ အခြင့္အာဏာကုိ အလြဲမသံုးၾကရန္ ၎က တိုက္တြန္းလိုက္သည္။
“တရားစီရင္တဲ့ေနရာမွာ မလုိအပ္တဲ့ သက္ေသေတြဖယ္ဖုိ႔ လုိအပ္တယ္။ ရုံးခ်ိန္းေတြနီးနီးခ်ိန္းဖုိ႔နဲ႔ မွန္မွန္နဲ႔ျမန္ျမန္ေဆာင္ရြက္ႏုိင္ဖုိ႔လည္းလုိတယ္။ ေနာက္ၿပီး အမႈလက္က်န္ျပႆနာေတြ ေျဖရွင္းရမွာျဖစ္သလုိ ျပည္သူကုိ အက်ဳိးျပဳႏုိင္မယ့္ နည္းလမ္းေတြကုိလည္း စဥ္းစားရမယ္။ ဥပေဒအရာရွိေတြလည္း ေျပာင္းလဲလာတဲ့ ေခတ္စနစ္နဲ႔ အညီ လုိက္ပါေျပာင္းလဲၾကဖုိ႔ လုိအပ္ပါတယ္” ဟု ဥပေဒအရာရွိခ်ဳပ္ ဦးေအာင္၀င္းက ေျပာသည္။
အဆိုပါေတြ႕ဆံုပြဲသို႔ မႏၱေလးတုိင္းအတြင္းရွိ ဥပေဒအရာရွိ (၈၂) ဦးႏွင့္ တရားသူႀကီး (၉၈)ဦး တက္ေရာက္ခဲ့ၾကသည္။
သတင္း။ ။ ေရႊေဇာ္(မႏၱေလး)
...............
မန္တလေး၊ မေလ (၂၀) ရက်
တရားစီရင်ရေးမဏ္ဍိုင်တည့်မတ်ရေးအတွက် ဥပဒေအရာရှိများအနဖြေင့် အဂတိကင်းရှင်းပြီး ပြည်သူကိုမျက်နှာမူကာ ပြည်သူအကျိုးဆောင်ရွက်ကြရန် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က တိုက်တွန်းလိုက်သည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဥပဒေပညာရှင်များနှင့် မေလ (၁၈) ရက်က တွေ့ဆုံရာတွင် ယင်းကဲ့သို့ တိုက်တွန်းပြောကြားလိုက်ခြင်း ဖြစ်သည်။
“ ဥပဒေပညာရှင်တွေအနေနဲ့ တရားစီရင်ရေးကဏ္ဍမှာ ပါဝင်ဆောင်ရွက်တဲ့နေရာမှာ အဓိကအနေနဲ့ အဂတိ ကင်းရှင်းဖို့၊ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီဆောင်ရွက်ကြဖို့၊ ပြည်သူကိုမျက်နှာမူပြီး ပြည်သူအကျိုး ကိုဆောင်ရွက်ကြဖို့ အရေးကြီးကြောင်း မှာကြားလိုပါတယ်” ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
ဥပဒေအရာရှိများ အနဖြေင့် ပြစ်မှုတစ်ခု တရားရုံးသို့ စွဲမတင်ပို့မီ ဆီလျော်သည့် ဥပဒေပုဒ်မများနှင့် တရားစွဲနိုင်ရေး အကြံဉာဏ်ပေးခြင်းအပြင် တရားစွဲပြီးချိန်တွင်လည်း အမှုများမြန်မြန်ပြီးပြတ်ရေးအတွက် သက်ဆိုင်ရာ တရားသူကြီး၊ ဥပဒေအရာရှိ၊ တရားစွဲအဖွဲ့အစည်းတိုနှင့် ညှိနှိုင်းဆောင်ရွက်ကြရန်လိုကြောင်း၎င်းကဆိုသည်။
“အမှုတွေ ကြန့်ကြာခြင်းအားဖြင့် နိုင်ငံ့ဝန်ထမ်းတွေရဲ့ လုပ်အားသုံးစွဲမှု၊ အမှုသည်တွေရဲ့ စားဝတ်နေရေး၊ ပူဆွေး သောကဖြစ်မှုတွေက ဝန်ထုပ်ဝန်ပိုးဖြစ်လာနိုင်တဲ့အတွက် ဥပဒေပညာရှင်တွေအနေနဲ့ ဒါကိုသတိထားရပါမယ်။ အမှုတွေမှာ ဥပဒေ၊နည်းဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ ညွန်ကြားချက်တွေမှာ အားနည်းချက် အနည်းငယ်ရှိတာကို အခွင့်ကောင်းယူပြီး လိုရာဆွဲယူ မဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်” ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောသည်။
နိုင်ငံတော်မှ တရားစီရင်ရေးအာဏာ အပ်နှံခြင်းခံထားရသည့် တရားသူကြီးများအနဖြေင့်လည်း နိုင်ငံတော်မှပေး ထားသည့် အခွင့်အာဏာကို အလွဲမသုံးကြရန်၎င်းက တိုက်တွန်းလိုက်သည်။
“တရားစီရင်တဲ့နေရာမှာ မလိုအပ်တဲ့ သက်သေတွေဖယ်ဖို့ လိုအပ်တယ်။ ရုံးချိန်းတွေနီးနီးချိန်းဖို့နဲ့ မှန်မှန်နဲ့မြန်မြန်ဆောင်ရွက်နိုင်ဖို့လည်းလိုတယ်။ နောက်ပြီး အမှုလက်ကျန်ပြဿနာတွေ ဖြေရှင်းရမှာဖြစ်သလို ပြည်သူကို အကျိုးပြုနိုင်မယ့် နည်းလမ်းတွေကိုလည်း စဉ်းစားရမယ်။ ဥပဒေအရာရှိတွေလည်း ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့ အညီ လိုက်ပါပြောင်းလဲကြဖို့ လိုအပ်ပါတယ်” ဟု ဥပဒေအရာရှိချုပ် ဦးအောင်ဝင်းက ပြောသည်။
အဆိုပါတွေ့ဆုံပွဲသို့ မန္တလေးတိုင်းအတွင်းရှိ ဥပဒေအရာရှိ (၈၂) ဦးနှင့် တရားသူကြီး (၉၈)ဦး တက်ရောက်ခဲ့ကြသည်။
သတင်း။ ရွှေဇော်(မန္တလေး)