ဘာသာျပန္၊ ေမလ(၂၂)
တရုတ္ႏုိင္ငံ အေရွ႕ပုိင္းေဒသထဲက ရွန္ေဒါင္း ျပည္နယ္ လင္ရိၿမိဳ႕မွာ တရုတ္အမ်ဳိးသားတစ္ဦးဟာ လူတကာ အႀကိဳက္ေတြ႕လွတဲ့ BMW အမ်ဳိးအစား ေမာ္ေတာ္ကားနဲ႔ လမ္းေဘးမွာ ရပ္ၿပီး ၾကက္သြန္ၿမိတ္ေတြ ေရာင္းခ်ေနတဲ့ သတင္းဟာ တရုတ္ႏိုင္ငံ ဆိုရွယ္မီဒီယာေတြေပၚမွာ ပ်ံ႕ႏွံ႔သြားတဲ့အျပင္ BMW အမ်ဳိးအစားကို အရူးအမူးျဖစ္သူမ်ားအတြက္ အံ့ၾသေစခဲ့ပါတယ္။
BMW နဲ႔ ၾကက္သြန္္ၿမိတ္ေတြေရာင္းခ်ေနတဲ့ တရုတ္အမ်ဳိးသားဟာ တစ္ကယ္ေတာ့ Wedding Studio တစ္ခုရဲ႕ ပိုင္ရွင္တစ္ဦးပါ သူ႕ရဲ႕ ၿခံထဲမွာ ဟင္းသီးဟင္ရြက္မ်ဳိးစံုကိုလည္း စိုက္ပ်ဳိးထားသူ ျဖစ္ပါတယ္။
သူစိုက္ပ်ဳိးထားတဲ့ ဟင္းရြက္မ်ဳိးစံုထဲမွာေတာ့ အခုေရာင္းခ်ေနတဲ့ ၾကက္သြန္ၿမိတ္ေတြ အမ်ားဆံုးလို႔ ဆိုပါတယ္။
ပထမဆံုး ၾကက္သြန္ၿမိတ္ေတြကို အိမ္နီးခ်င္းေတြဆီ မွ်ေ၀ေပးခဲ့ေပမဲ့လည္း မကုန္ႏိုင္တဲ့အတြက္ ၿမိဳ႕ထဲပတ္သြားၿပီး ေရာင္းခ်ဖို႔ စိတ္ကူးေပၚလာတယ္လို႔လည္း ဆိုပါတယ္။
အခုလို ၾကက္သြန္ၿမိတ္ေတြကို ေရာင္းတဲ့အခါမွာ လူေတြ၀ယ္ခ်င္စိတ္ရွိေအာင္နဲ႔ ဘယ္လိုနည္းနဲ႔ ဆြဲေဆာင္ၿပီး ေရာင္းခ်ရမလဲဆိုတာကို စဥ္းစားရင္း လူူေတြကို စြဲေဆာင္မႈရွိေအာင္လို႔ အခုလို သူပိုင္ဆိုင္တဲ့ BMW ေမာ္ေတာ္ယာဥ္နဲ႔ ေရာင္းခ်ျဖစ္တာလို႔ သိရပါတယ္။
ဘာသာျပန္။ ။ နန္းေမာက္ကြမ္
Ref; yaklai.com , en.people.cn , SpokeDark.TV, idolbin
..............
ဘာသာပြန်၊ မေလ(၂၂)
တရုတ်နိုင်ငံ အရှေ့ပိုင်းဒေသထဲက ရှန်ဒေါင်း ပြည်နယ် လင်ရိမြို့မှာ တရုတ်အမျိုးသားတစ်ဦးဟာ လူတကာ အကြိုက်တွေ့လှတဲ့ BMW အမျိုးအစား မော်တော်ကားနဲ့ လမ်းဘေးမှာ ရပ်ပြီး ကြက်သွန်မြိတ်တွေ ရောင်းချနေတဲ့ သတင်းဟာ တရုတ်နိုင်ငံ ဆိုရှယ်မီဒီယာတွေပေါ်မှာ ပျံ့နှံ့သွားတဲ့အပြင် BMW အမျိုးအစားကို အရူးအမူးဖြစ်သူများအတွက် အံ့သြစေခဲ့ပါတယ်။
BMW နဲ့ ကြက်သွန်မြိတ်တွေရောင်းချနေတဲ့ တရုတ်အမျိုးသားဟာ တစ်ကယ်တော့ Wedding Studio တစ်ခုရဲ့ ပိုင်ရှင်တစ်ဦးပါ သူ့ရဲ့ ခြံထဲမှာ ဟင်းသီးဟင်ရွက်မျိုးစုံကိုလည်း စိုက်ပျိုးထားသူ ဖြစ်ပါတယ်။
သူစိုက်ပျိုးထားတဲ့ ဟင်းရွက်မျိုးစုံထဲမှာတော့ အခုရောင်းချနေတဲ့ ကြက်သွန်မြိတ်တွေ အများဆုံးလို့ ဆိုပါတယ်။
ပထမဆုံး ကြက်သွန်မြိတ်တွေကို အိမ်နီးချင်းတွေဆီ မျှေဝပေးခဲ့ပေမဲ့လည်း မကုန်နိုင်တဲ့အတွက် မြို့ထဲပတ်သွားပြီး ရောင်းချဖို့ စိတ်ကူးပေါ်လာတယ်လို့လည်း ဆိုပါတယ်။
အခုလို ကြက်သွန်မြိတ်တွေကို ရောင်းတဲ့အခါမှာ လူတွေဝယ်ချင်စိတ်ရှိအောင်နဲ့ ဘယ်လိုနည်းနဲ့ ဆွဲဆောင်ပြီး ရောင်းချရမလဲဆိုတာကို စဉ်းစားရင်း လူတွေကို စွဲဆောင်မှုရှိအောင်လို့ အခုလို သူပိုင်ဆိုင်တဲ့ BMW မော်တော်ယာဉ်နဲ့ ရောင်းချဖြစ်တာလို့ သိရပါတယ်။
ဘာသာပြန်။ နန်းမောက်ကွမ်
Ref; yaklai.com , en.people.cn , SpokeDark.TV, idolbin