ဘာသာပြန်၊ မေလ(၁၄)
ဘာသာပြန်။ ။ ဇာနှင်းထိုက်
........................
ဘာသာပြန်၊ မေလ(၁၄) အာဖဂန်နစ္စတန်နိုင်ငံမှာ ဗုဒ္ဓရုပ်ပွားတော်ကြီးကို အလင်းရောင်တွေနဲ့ ပြန်တည်ဆောက်လိုက်ပါတယ်။ တာလီဘန်တွေက လွန်ခဲ့တဲ့ (၁၄)နှစ်က ဖျက်ဆီးပစ်လိုက်တဲ့ ရှေးဟောင်းရုပ်ပွားတော်ကြီးကို 3D နည်းပညာနဲ့ ပြန်ပြီးပုံဖော်ဖို့ ကြိုးစားနေတာပါ။ ဒီစီမံကိန်းမှာ ပရိုဂျက်တာအတွက် ကုန်ကျမယ့် အမေရိကန်ဒေါ်လာ (၁၂၀,ဝဝဝ)ကို တရုတ်လူမျိုးစုံတွဲဖြစ်တဲ့ ဂျန်ဆန်ယုနဲ့ လီယန်ဟူးတို့က လှုဒါန်းထားတာပါ။ ၂၀၀၁ ခုနှစ်မှာ ဒီရုပ်ပွားတော်ကြီး ဖျက်ဆီးခံလိုက်ရတာကြောင့် ဟူးနဲ့ယုတို့ဟာ စိတ်ထိခိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူတို့ဟာ ယူနက်စကိုနဲ့ အာဖဂန်အစိုးရဆီက ခွင့်ပြုချက်တောင်းပြီး ဒီစီမံကိန်းကို လုပ်ဆောင်ခဲ့တာပါ။ ရုပ်ပွားတော်ကို 3D နဲ့ ပုံရိပ်ပြန်ဖော်တဲ့နေရာကို ဒေသခံ ၁၅၀ လောက် တအံ့တသြလာရောက်ကြတယ်လို့ သိရပါတယ်။ ဘာသာပြန်။ ဇာနှင်းထိုက် Ref; Tathagat Gautam Buddha