ရွမ္းျပည္နယ္ေတာင္ပိုင္း မိုင္းရွဴးၿမိဳ႕နယ္ ဟိုက္ပါးေက်းရြာအတြင္း ဖြင့္လွစ္ထားေသာ စစ္ေဘးေရွာင္ ကယ္ဆယ္ေရး စခန္းမွ စစ္ေရွာင္ျပည္သူ အခ်ိဳ႕အတြက္ အမိုးအကာႏွင့္ ၾကမ္းခင္းမ်ား လိုအပ္ေနေၾကာင္း သြားေရာက္ လွဴဒါန္းခဲ့သူမ်ားထံမွ သိရသည္။
ဟိုက္ပါးေက်းရြာအတြင္း ဖြင့္လွစ္ထားေသာ စစ္ေဘးေရွာင္စခန္းတြင္ စစ္ေရွာင္ျပည္သူ (၁၃၇၀) ေက်ာ္ေနထိုင္ လွ်က္ရိွျပီး လက္ရိွတြင္ ၀ါးၾကမ္းခင္းေပၚတြင္ ေနထိုင္သူမ်ားရိွေသာ္လည္း အမ်ားစုမွာ ေျမေပၚတြင္ အခင္းေလးျဖင့္ ေနထိုင္ေနရျခင္းျဖစ္ေၾကာင္း သိရသည္။
“ ရာသီဥတုက ညဘက္ဆို အေတာ္ေအးလာျပီ။ ေျမႀကီးေပၚမွာ အခင္းပါးေလးနဲ႔ အိပ္တာ ၾကာလာရင္ ကေလးေတြေရာ၊ လူႀကီးေတြေရာ က်န္းမာေရး ထိခိုက္လာလိမ့္မယ္။ အေဆာက္အဦအတြက္ ၀ါးတို႔၊ သစ္တို႔ လိုေနေပမယ့္ စစ္ျပီးလို႔ အခုပဲျပန္ရေတာ့မလိုျဖစ္ေနေတာ့ အလွဴရွင္ေတြကလည္း လွဴဖို႔ စဥ္းစားၾကတာေပါ့” ဟု သြားေရာက္လွဴဒါန္းခဲ့ေသာ တစ္ကိုယ္ေတာ္ပရဟိတသမားမ်ားကြန္ရက္၏ ဦးေဆာင္သူ ေဒၚခင္ႏွင္းၾကည္သာက ေျပာသည္။
ဟိုက္ပါးစစ္ေဘးေရွာင္စခန္းမွ ဒုကၡသည္မ်ားသည္ ေဆာင္းတြင္းကာလျဖစ္သည့္ အတြက္ အေအးဒဏ္ခံႏိုင္ရန္ လံုၿခံဳသည့္ အေဆာက္အဦမ်ား အဓိက လိုအပ္လွ်က္ရွိေၾကာင္း၊ စားနပ္ရိကၡာႏွင့္ က်န္းမာေရး ေစာင့္ေရွာက္မႈမွာ လက္ရိွတြင္ သုခရင္ခြင္ဆရာ၀န္မ်ားအဖြဲ႔ႏွင့္ ၈၈ ျငိမ္းခ်မ္းေရးႏွင့္ ပြင့္လင္း လူ႔အဖြဲ႔အစည္းတို႔မွ ေစာင့္ၾကည့္ကုသ ေပးေနေၾကာင္း သိရသည္။
" အလွဴရွင္ေတြက အဓိက စားနပ္ရိကၡာပဲလာလွဴၾကတာ။ ၀ါးတစ္လံုး(၁၅၀၀)က်ပ္ေလာက္ရွိတယ္၊ သူတို႔ အတြက္ ၀ါးအလံုးေရ (၁)ေသာာင္းနီးပါးလိုေနတယ္။ ဒါကို လွဴဖို႔ၾကေတာ့လဲ စခန္းက အခုပဲ ဖယ္ေပးရေတာ့မလို ျဖစ္ေနေတာ့ လွဴဖို႔က အေျခအေနကို ေစာင့္ေနရတုန္းပဲ” ဟု ေဒၚခင္ႏွင္းၾကည္သာက ေျပာသည္။
ဟိုက္ပါးစခန္းရွိ စစ္ေဘးေရွာင္စခန္းတြင္ (၁)လေက်ာ္ခန္႔ ေနထိုင္ရျခင္းေၾကာင့္ ေနရပ္ျပန္လိုေသာ္လည္း ထိေတြ႔မႈအခ်ိဳ႕ရိွေနဆဲျဖစ္ေၾကာင္းႏွင့္ ၎တို႔ေနထိုင္ခဲ့သည့္ ေက်းရြာမ်ားသည္ ထိေတြ႔မႈမ်ား ျဖစ္ပြားေနသည့္ ေနရာမ်ားျဖစ္ေနျခင္းေၾကာင့္ ေနရပ္ျပန္ရန္မွာ ခက္ခဲေနဆဲျဖစ္ေၾကာင္း စစ္ေရွာင္စခန္းမွ ျပည္သူမ်ားက ဆိုသည္။
“ သီးႏွံေတြလည္း ရိတ္ခ်င္ေနျပီ။ ေယာက်ာ္းက အိမ္ကို တစ္ေခါက္သြားၾကည့္တာ ျပန္မလာေသးဘူး။ စိတ္ပူေနျပီ”ဟု ဟိုက္ပါးစစ္ေရွာင္စခန္းေန လီဆူတိုင္းရင္းသူတစ္ဦးက ေျပာသည္။
ရွမ္းျပည္နယ္ေတာင္ပိုင္းတြင္ ေအာက္တိုဘာလအတြင္းမွ စတင္ကာ ရွမ္းလက္နက္ကိုင္တပ္ဖြဲ႔ျဖစ္ေသာ SSPP/SSA ႏွင့္ ျမန္မာ့တပ္မေတာ္တို႔ ထိပ္တိုက္ေတြ႔ဆံုခဲ့ရာမွာ ထိေတြ႔မႈမ်ားျဖစ္ပြားခဲ့ျပီး ရွမ္းျပည္နယ္ ေတာင္ပိုင္းတြင္ စစ္ေရွာင္စခန္း (၈)ခုခန္႔တြင္ စစ္ေရွာင္ျပည္သူ (၄၀၀၀)ေက်ာ္ ေနထိုင္ေနရျပီး ရွမ္းျပည္နယ္ေျမာက္ပိုင္း လာရိႈးျမိဳ႕ႏွင့္ အနီးတ၀ိုက္တြင္ စစ္ေရွာင္စခန္း (၂)ခုခန္႔ ဖြင့္လွစ္ထားျပီး စစ္ေရွာင္ျပည္သူေပါင္း (၅၀၀)ေက်ာ္ခန္႔ ခိုလံႈေနေၾကာင္း သိရသည္။
ဓါတ္ပံု။ ။ ခင္ႏွင္းၾကည္သာ
( unicode )
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ် ဟိုက်ပါးကျေးရွာအတွင်း ဖွင့်လှစ်ထားသော စစ်ဘေးရှောင် ကယ်ဆယ်ရေး စခန်းမှ စစ်ရှောင်ပြည်သူ အချို့အတွက် အမိုးအကာနှင့် ကြမ်းခင်းများ လိုအပ်နေကြောင်း သွားရောက် လှူဒါန်းခဲ့သူများထံမှ သိရသည်။
ဟိုက်ပါးကျေးရွာအတွင်း ဖွင့်လှစ်ထားသော စစ်ဘေးရှောင်စခန်းတွင် စစ်ရှောင်ပြည်သူ (၁၃၇၀) ကျော်နေထိုင် လျှက်ရှိပြီး လက်ရှိတွင် ဝါးကြမ်းခင်းပေါ်တွင် နေထိုင်သူများရှိသော်လည်း အများစုမှာ မြေပေါ်တွင် အခင်းလေးဖြင့် နေထိုင်နေရခြင်းဖြစ်ကြောင်း သိရသည်။
“ ရာသီဥတုက ညဘက်ဆို အတော်အေးလာပြီ။ မြကြေီးပေါ်မှာ အခင်းပါးလေးနဲ့ အိပ်တာ ကြာလာရင် ကလေးတွေရော၊ လူကြီးတွေရော ကျန်းမာရေး ထိခိုက်လာလိမ့်မယ်။ အဆောက်အဦအတွက် ဝါးတို့၊ သစ်တို့ လိုနေပေမယ့် စစ်ပြီးလို့ အခုပဲပြန်ရတော့မလိုဖြစ်နေတော့ အလှူရှင်တွေကလည်း လှူဖို့ စဉ်းစားကြတာပေါ့” ဟု သွားရောက်လှူဒါန်းခဲ့သော တစ်ကိုယ်တော်ပရဟိတသမားများကွန်ရက်၏ ဦးဆောင်သူ ဒေါ်ခင်နှင်းကြည်သာက ပြောသည်။
ဟိုက်ပါးစစ်ဘေးရှောင်စခန်းမှ ဒုက္ခသည်များသည် ဆောင်းတွင်းကာလဖြစ်သည့် အတွက် အအေးဒဏ်ခံနိုင်ရန် လုံခြုံသည့် အဆောက်အဦများ အဓိက လိုအပ်လျှက်ရှိကြောင်း၊ စားနပ်ရိက္ခါနှင့် ကျန်းမာရေး စောင့်ရှောက်မှုမှာ လက်ရှိတွင် သုခရင်ခွင်ဆရာဝန်များအဖွဲ့နှင့် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့မှ စောင့်ကြည့်ကုသ ပေးနေကြောင်း သိရသည်။
" အလှူရှင်တွေက အဓိက စားနပ်ရိက္ခါပဲလာလှူကြတာ။ ဝါးတစ်လုံး(၁၅၀၀)ကျပ်လောက်ရှိတယ်၊ သူတို့ အတွက် ဝါးအလုံးရေ (၁)သောင်းနီးပါးလိုနေတယ်။ ဒါကို လှူဖို့ကြတော့လဲ စခန်းက အခုပဲ ဖယ်ပေးရတော့မလို ဖြစ်နေတော့ လှူဖို့က အခြေအနေကို စောင့်နေရတုန်းပဲ” ဟု ဒေါ်ခင်နှင်းကြည်သာက ပြောသည်။
ဟိုက်ပါးစခန်းရှိ စစ်ဘေးရှောင်စခန်းတွင် (၁)လကျော်ခန့် နေထိုင်ရခြင်းကြောင့် နေရပ်ပြန်လိုသော်လည်း ထိတွေ့မှုအချို့ရှိနေဆဲဖြစ်ကြောင်းနှင့်၎င်းတို့နေထိုင်ခဲ့သည့် ကျေးရွာများသည် ထိတွေ့မှုများ ဖြစ်ပွားနေသည့် နေရာများဖြစ်နခြေင်းကြောင့် နေရပ်ပြန်ရန်မှာ ခက်ခဲနေဆဲဖြစ်ကြောင်း စစ်ရှောင်စခန်းမှ ပြည်သူများက ဆိုသည်။
“ သီးနှံတွေလည်း ရိတ်ချင်နပြေီ။ ယောကျာ်းက အိမ်ကို တစ်ခေါက်သွားကြည့်တာ ပြန်မလာသေးဘူး။ စိတ်ပူနပြေီ”ဟု ဟိုက်ပါးစစ်ရှောင်စခန်းနေ လီဆူတိုင်းရင်းသူတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် အောက်တိုဘာလအတွင်းမှ စတင်ကာ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော SSPP/SSA နှင့် မြန်မာ့တပ်မတော်တို့ ထိပ်တိုက်တွေ့ဆုံခဲ့ရာမှာ ထိတွေ့မှုများဖြစ်ပွားခဲ့ပြီး ရှမ်းပြည်နယ် တောင်ပိုင်းတွင် စစ်ရှောင်စခန်း (၈)ခုခန့်တွင် စစ်ရှောင်ပြည်သူ (၄၀၀၀)ကျော် နေထိုင်နေရပြီး ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့နှင့် အနီးတဝိုက်တွင် စစ်ရှောင်စခန်း (၂)ခုခန့် ဖွင့်လှစ်ထားပြီး စစ်ရှောင်ပြည်သူပေါင်း (၅၀၀)ကျော်ခန့် ခိုလှုံနေကြောင်း သိရသည်။
ဓာတ်ပုံ။ ခင်နှင်းကြည်သာ