က်ဳိင္းတံုမွ မိုင္းျပင္းအသြား ရင္ခြဲေတာင္ အနီး၌ (၁၂)ဘီးကားအား ေက်ာ္တက္ရာမွ သားအဖ ႏွစ္ဦး ေသဆံုး

က်ဳိင္းတံုမွ မိုင္းျပင္းအသြား ရင္ခြဲေတာင္ အနီး၌ (၁၂)ဘီးကားအား ေက်ာ္တက္ရာမွ သားအဖ ႏွစ္ဦး ေသဆံုး
ဒီဇင်ဘာ 3, 2015
By Tachileik News Agency

က်ိဳင္းတံုမွ မိုင္းျပင္းၿမိဳ႕သို႔ ျပန္ေသာ သားအဖႏွစ္ဦးသည္ ရင္ခြဲေတာင္အနီး မိုင္တိုင္ အမွတ္(၂၈၀/၁)အနီးတြင္ ဒီဇင္ဘာလ (၂)ရက္ေန႔ နံနက္ပိုင္းက (၁၂)ဘီးကားအား ဆိုင္ကယ္ျဖင့္ ေက်ာ္တက္စဥ္ ကားေအာက္သို႔ေရာက္ရွိ၍ ပြဲခ်င္းၿပီးေသဆံုးသြားေၾကာင္း သိရသည္။

"ရင္ခြဲေတာင္အတက္မွာ (၁၂)ဘီးကားကို ဆိုင္ကယ္ေမာင္းလာတဲ့ သားအဖက ေက်ာ္တက္တာ ကား၀မ္းဗိုက္ေအာက္ေရာက္သြားၿပီး ပြဲခ်င္းၿပီးေသသြားတာပါဘဲ၊ ဦးေခါင္းခြံေတြလဲ ေၾကသြားတယ္၊ ဗိုက္ကအူေတြေတာင္ ထြက္တယ္ဗ်.."ဟု က်ဳိင္းတံုၿမိဳ႕ ႏွလံုးလွပိုင္ရွင္မ်ား(အခမ့ဲ)
လူမႈကူညီေရး အသင္း ဥကၠဌ ဦးေက်ာ္သူေအာင္မွ ေျပာျပသည္။

ေသဆံုးသြားသူ ရုပ္အေလာင္းမ်ားအား က်ိဳင္းတံုၿမိဳ႕ ျပည္သူ႔ေဆးရံုသို႔ ေပးပို႔ထားေၾကာင္း၊ က်ိဳင္းတံုၿမိဳ႕နယ္အပိုင္နယ္ေျမအတြင္း ျဖစ္ပြားျခင္းျဖစ္ေၾကာင္း ႏွင့္ ျဖစ္စဥ္ႏွင့္ပတ္သက္၍ က်ိဳင္းတံုၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕၀င္မ်ား စစ္ေဆးလွ်က္ရွိေၾကာင္း ၎ထံမွသိရသည္။

ဓါတ္ပံု။  ။ က်ဳိင္းတံုၿမိဳ႕ ႏွလံုးလွပိုင္ရွင္မ်ား(အခမ့ဲ) လူမႈကူညီေရး အသင္း

************************

( unicode )

ကျိုင်းတုံမှ မိုင်းပြင်းမြို့သို့ ပြန်သော သားအဖနှစ်ဦးသည် ရင်ခွဲတောင်အနီး မိုင်တိုင် အမှတ်(၂၈၀/၁)အနီးတွင် ဒီဇင်ဘာလ (၂)ရက်နေ့ နံနက်ပိုင်းက (၁၂)ဘီးကားအား ဆိုင်ကယ်ဖြင့် ကျော်တက်စဉ် ကားအောက်သို့ရောက်ရှိ၍ ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

"ရင်ခွဲတောင်အတက်မှာ (၁၂)ဘီးကားကို ဆိုင်ကယ်မောင်းလာတဲ့ သားအဖက ကျော်တက်တာ ကားဝမ်းဗိုက်အောက်ရောက်သွားပြီး ပွဲချင်းပြီးသေသွားတာပါဘဲ၊ ဦးခေါင်းခွံတွေလဲ ကြေသွားတယ်၊ ဗိုက်ကအူတွေတောင် ထွက်တယ်ဗျ.."ဟု ကျိုင်းတုံမြို့ နှလုံးလှပိုင်ရှင်များ(အခမဲ့)
လူမှုကူညီရေး အသင်း ဥက္ကဌ ဦးကျော်သူအောင်မှ ပြောပြသည်။

သေဆုံးသွားသူ ရုပ်အလောင်းများအား ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံသို့ ပေးပို့ထားကြောင်း၊ ကျိုင်းတုံမြို့နယ်အပိုင်နယ်မြေအတွင်း ဖြစ်ပွားခြင်းဖြစ်ကြောင်း နှင့် ဖြစ်စဉ်နှင့်ပတ်သက်၍ ကျိုင်းတုံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ စစ်ဆေးလျှက်ရှိကြောင်း၎င်းထံမှသိရသည်။

ဓာတ်ပုံ။ ကျိုင်းတုံမြို့ နှလုံးလှပိုင်ရှင်များ(အခမဲ့) လူမှုကူညီရေး အသင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~