အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလ (၂၁)ရက် နံနက် (၁၁)နာရီ (၂၈)မိနစ်အချိန်တွင် တာချီလိတ်မြို့သို့ KBZ Air ဖြင့် ရောက်ရှိလာသည်။
ဒေါ်အောင်ဆန်းစုကြည် နှင့် အဖွဲ့သည် ရန်ကုန်မှ တဆင့် လေကြောင်းလိုင်းဖြင့် တာချီလိတ်မြို့သို့ ရောက်ရှိလာတာဖြစ်ပြီး ညနေ (၃)နာရီအချိန်တွင် တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းပိုင်ဖြစ်သည့် ကွင်းတွင် လူထုဟောပြောပွဲ ပြုလုပ်ရန်အတွက် ရောက်ရှိလာခြင်းဖြစ်သည့်အပြင် အောက်တိုဘာလ (၂၂)ရက်နေ့တွင် မိုင်းဖြတ် နှင့် ကျိုင်းတုံမြို့တို့တွင်လည်း လူထုဟောပြောပွဲ ပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။
ပုံများကိုကြည့်ရန်