တာချီလိတ်မြို့၊ ၀မ်ကောင်းရပ်ကွက်၊ ဂေါက်ကွင်းလမ်း၊ ရီဂျီနားဂေါက်ကွင်းအနီး တွင် ဖွင့်လှစ်ထားရှိသည့် The Phoenix Hotel မှ ၀န်ထမ်း (၂)နေရာစာအတွက် လျှောက်လွှာခေါ်ယူနေပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ခန့်အပ်သွားမှာ ဖြစ်ကြောင်း သိရသည်။
The Phoenix Hotel ၏ Receptionistနေရာတွင် ၀န်ထမ်းတစ်ဦး အလိုရှိနေလျက်ရှိရာ သတ်မှတ်ချက်အနေဖြင့်..
(၁) ကွန်ပျူတာအခြေခံရှိရမည်။
(၂) အနည်းဆုံး အထက်တန်းပညာအရည်အချင်း ရှိရမည်။
(၃) မြန်မာစကား ကျွမ်းကျင်ပြီး အင်္ဂလိပ်/ထိုင်း/တရုတ် စသည့် ဘာသာသုံးမျိုးမှ ဘာသာစကားအနည်းဆုံး တစ်မျိုး ပြောဆိုတတ်ရမည်။
(၄) ယဉ်ကျေးပျူငှာစွာ ပြောဆို ဆက်ဆံတတ်ရမည်။
စသည်ဖြင့် သတ်မှတ်ထားရှိသည်။
Accountant ( စာရင်းကိုင်ဝန်ထမ်း) နေရာတွင် ၀န်ထမ်းတစ်ဦး အလိုရှိနေလျက်ရှိရာ သတ်မှတ်ချက်အနေဖြင့်..
(၁) စာရင်းကိုင် တရားဝင် လက်မှတ်ရှိရမည်။
(၂) ကွန်ပျူတာ ကျွမ်းကျင်သူဖြစ်ရမည်။
(၃) မြန်မာစကား ကျွမ်းကျင်ပြီး အင်္ဂလိပ်/ထိုင်း/တရုတ် စသည့် ဘာသာသုံးမျိုးမှ ဘာသာစကားအနည်းဆုံး တစ်မျိုး ပြောဆိုတတ်ရမည်။
စသည်ဖြင့် သတ်မှတ်ထားရှိသည်။
Receptionist နှင့် Accountant နေရာအတွက် စုစုပေါင်း ၀န်ထမ်း (၂)ဦး အလိုရှိရာ လာရောက်လျှောက်ထားသူများအနေဖြင့်..
လိုင်စင်ဓါတ်ပုံ (၃)ပုံ၊
မှတ်ပုံတင်မိတ္တူ (၁)စောင်၊
အိမ်ထောင်စုစာရင်း မိတ္တူ(၁)စောင်
ရပ်ကွက်ထောက်ခံစာ
စသည်တို့ လိုအပ်မှာဖြစ်ပြီး လျှောက်ထားလိုသူများအနေဖြင့် ၀န်ထမ်းလစာ နှင့် အခွင့်အရေးများကို သိရှိလိုပါက အောက်ဖော်ပြပါ လိပ်စာမှ တဆင့် ဆက်သွယ်မေးမြန်း လျှောက်ထားနိုင်မှာဖြစ်ကြောင်း သိရှိရသည်။
The Phoenix Hotel
ဂေါက်ကွင်းလမ်း၊ ရီဂျီနားဂေါက်ကွင်းအနီး၊
ဝမ်ကောင်းရပ်ကွက်၊ တာချီလိတ်မြို့။
မြန်မာဖုန်း ။ ။ 084-52319
ထိုင်းဖုန်း။ ။ 0869225028