တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့၏ "အောင်စကြာ"ရဲဓမ္မာရုံ ပန္နက်တင် အခမ်းအနားသို့ မိုင်းဖုန်းဆရာတော် ကြွရောက်ချီးမြှင့်

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့၏ "အောင်စကြာ"ရဲဓမ္မာရုံ ပန္နက်တင် အခမ်းအနားသို့ မိုင်းဖုန်းဆရာတော် ကြွရောက်ချီးမြှင့်
ဇူလိုင် 13, 2015
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့၏ "အောင်စကြာ"ရဲဓမ္မာရုံအား တည်ဆောက်ရန် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့ ဇူလိုင်လ(၁၃)ရက် နံနက်(၈)နာရီ(၁၀)မိနစ်ခန့်က ပါလျှံရဲဝန်ထမ်းလိုင်းပိုင် မြေနေရာတွင် ကျင်းပပြုလုပ်ရာ မိုင်းဖုန်းဆရာတော်ဘုရားကြီးမှ ကြွရောက်ပြီး တရားဒေသနာများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားသို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းထွန်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း )ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမိုးမောင်သန်း၊ နေပြည်တော် မူးယစ်ဗဟိုမှ ရဲမှူးကြီး ဇော်လင်းထွန်း၊ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးလှမင်း၊ ပြည်နယ်မူးယစ်တာဝန်ခံ ဒုရဲမှူးကြီး ရွှေညာမောင် နှင့် ၀မ်ပုံရေကြောင်းရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး လှမိုး နှင့် သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ခံ အရာရှိများ၊ မိသားစုဝင်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပန္နက်တင် မင်္ဂလာအခမ်းအနားတွင် မိုင်းဖုန်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တဥာဏသံဝရမှ အန္တရာယ်ကင်း ပရိတ်များ၊ တရားဒေသနာများ ချီးမြှင့်ပေးခဲ့ပြီး ပြည်နယ်ရဲတပ်ဖွဲ့မှူးမှ အလျားပေ(၈၀)နှင့် အနံ(၆၂)ပေအကျယ်ရှိသော မြေနေရာအား ပန္နရိုက်ပေးခဲ့ပြီးနောက် အောင်စကြာ ရဲဓမ္မရုံ တည်ဆောက်ဖြစ်ခြင်းနှင့် ပတ်သက်၍ အကြောင်းအရာများနှင့် ယင်းဓမ္မာရုံအား တည်ဆောက်ရာတွင် ကုန်ကျငွေမှာ စုစုပေါင်း ကျပ်သိန်းပေါင်း တစ်ထောင်ခန့် ကုန်ကျနိုင်ဖွယ်ရှိကြောင်း ရှင်းလင်းပြောကြားသွားသည်။

လတ်တလောတွင် အောင်စကြာ ရဲဓမ္မာရုံ တည်ဆောက်ရန်အတွက် ကျပ်ငွေ (၁၅၆)သိန်းနှင့် ထိုင်းဘတ်ငွေ(၁၃)သိန်းတို့ကို စုပေါင်း မတည်လှူဒါန်းထားကြသော အလှူရှင် (၄၀)ဦးတို့အား ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး နှင့် ခရိုင်ရဲတပ်ဖွဲ့မှူးတို့မှ ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသိးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဓါတ်ပုံ/သတင်း။  ။ ကိုထွန်း(မိုင်းဖြတ်)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~ကြော်ငြာ ~~~~~~~