တာချီလိတ်မြို့နယ်ရှိ အခြေခံ မဲဆန္ဒရှင် စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်ရုံးများတွင် ၂၂.၆.၂၀၁၅ မှ ၅.၇.၂၀၁၅ ရက်နေ့အထိ သွားရောက် ကြည့်ရှုနိုင်ပြီဖြစ်ပြီး မဲစာရင်းများတွင် မမှန်ကန်မှုများ၊ မိမိ၏ အမည်မပါမှုများ၊ သေဆုံးသူ နှင့် အကျဉ်းကျနေသူများ၏ အမည်များ တွေ့ရှိရပါက သက်ဆိုင်ရာ ရပ်ကွက်ရုံးတွင် အမြန်ဆုံး အသိပေးအကြောင်းကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။
အခြေခံမဲဆန္ဒရှင်စာရင်းများကို ၂၀၁၅ခုနှစ် ဇွန်လ(၂၂)ရက်နေ့မှ ဇူလိုင်လ(၅)ရက်နေ့အထိ (၁၄)ရက်တိုင်တိုင် ကပ်ထားကြေညာသွားရာတွင် တာချီလိတ်မြို့နယ် အပါအ၀င်ဖြစ်ပြီး ကချင်ပြည်နယ်။ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးရှိ ခရိုင်/မြို့နယ်များအပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ မဲစာရင်းကြေညာရန် ကျန်ရှိနေသော မြို့နယ်(၂၁)မြို့နယ်တို့တွင် လည်း ကပ်ထားကြေညာသွားမှာ ဖြစ်ကြောင်း သိရှိရသည်။