မြန်မာ - လာအို ချစ်ကြည်ရေးတံတား မေလ(၉)ရက်နေ့တွင် ဖွင့်လှစ်မည်

မြန်မာ - လာအို ချစ်ကြည်ရေးတံတား မေလ(၉)ရက်နေ့တွင် ဖွင့်လှစ်မည်
မေ 5, 2015
By Tachileik News Agency

ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင်အတွင်း ကျိုင်းလပ်မြို့တွင် တည်ဆောက် ပြီးစီးနေပြီ ဖြစ်သော မြန်မာ - လာအို ချစ်ကြည်ရေးတံတားအား ၂၀၁၅ခုနှစ် မေလ(၈)ရက်နေ့တွင် စတင် ဖွင့်လှစ်တော့မည်ဟု သတ်မှတ်ထားရှိရာမှ နှစ်နိုင်ငံ ပြန်လည်၍ ညှိနှိုင်းဆွေးနွေးပြီးနောက် မေလ(၉)ရက်နေ့သို့ ပြောင်းလဲ၍ ဖွင့်လှစ်ရန်အတွက် သတ်မှတ်လိုက်ကြောင်း သိရသည်။

တံတားမဖွင့်လှစ်မီတွင် မြန်မာထွက်ပေါက်နှင့် လာအိုအ၀င် ဂိတ်တို့တွင် ပြင်ဆင်မှုများ ပြုလုပ်နေလျက်ရှိပြီး  အဆိုပါ တံတားဖွင့်ပွဲသို့ မြန်မာ - လာအို နှစ်နိုင်ငံမှ အကြီးအကဲများမှ တက်ရောက်၍ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ။  ။ အောင်ပြည်စိုး
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~