မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်(TSDP)အရ ပြုလုပ်သော ၂၀၁၅ခုနှစ် မြို့နယ်အုပ်ချုပ်ရေးမှူး ဖူဆယ်ဘောလုံးပြိုင်ပွဲကို တာချီလိတ်၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ ၀င်ရောက် ယှဉ်ပြိုင်လိုသည့် တာချီလိတ်မြို့နယ်အတွင်းရှိ ဖူဆယ်ဘောလုံးအသင်းများ အနေဖြင့် ၂၀၁၅ခုနှစ် မေလ(၁၅)ရက်နေ့ နောက်ဆုံးထားကာ တာချီလိတ်မြို့နယ်ရှိ မိုးလုံလေလုံ အားကစားရုံရှိ ရုံးခန်းတွင် အမည်စာရင်းပေးသွင်းနိုင်မှာ ဖြစ်ကြောင်း သိရှိရသည်။