တာချီလိတ်မြို့နယ် ဆန်ဆိုင်း(က)ရပ်ကွက်တွင် လျှပ်စစ်ဝါယာရှော့မှတဆင့် မီးလောင်မှုတစ်ခု ယနေ့ ၂၀၁၅ခုနှစ် ဧပြီလ(၈)ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ရာ အ၀တ်လျှော်စက် အပါအ၀င် နေအိမ်အတွင်းရှိ ပစ္စည်းများ မီးလောင်ကျွမ်းမှုထဲ ပါဝင်သွားကြောင်း သိရသည်။
ဧပြီလ(၈)ရက် နံနက်(၁၀း၀၈)နာရီ အချိန်ခန့်က ဆန်ဆိုင်း(က)ရပ်ကွက် ခတ္တာလမ်း၊ အိမ်အမှတ် (၄/၉၃)တွင် မိန်းခုံ အပူလွန်ကဲရာမှ လျှပ်စစ်ဝါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခြင်းကြောင့် နေအိမ် အခန်းအတွင်းရှိ အသုံးအဆောင် ပစ္စည်းများ မီးလောင်ကျွမ်းမှုထဲ ပါဝင်သွားသည့်အတွက် မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ အဆိုပါ နေအိမ်တွင် ငှားရမ်းနေထိုင်သူ ဦးကျော်နိုင်အား တာချီလိတ်မြို့မရဲစခန်းမှ (ပ)၇၇/၂၀၁၅ ပုဒ်မ(၂၈၅)ဖြင့် အမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ မီးငြှိမ်းသတ်ရာနှင့် ပတ်သက်၍ ရပ်ကွက်အတွင်းရှိ ပြည်သူများ အပါအ၀င် တာချီလိတ် မီးသတ်တပ်ဖွဲ့မှ အရန်/သန္ဓေတပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ယာဉ် (၃)စီးဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ရာ (၁၀း၁၅)နာရီ အချိန်ခန့်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။
#TachileikOnlineNews
www.tachileik.net ❂⊱