ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့ပေါ်ရှိ အထက်တန်း၊ အလယ်တန်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများ၏ အဋ္ဌမတန်းအောင်မြင်မှုမှာ (၃၇)ရာခိုင်နှုန်းရှိကြောင်း သိရသည်။
အဋ္ဌမတန်းတွင် ဘာသာစုံဂုဏ်ထူး (A)အဆင့်အနေဖြင့် အောင်မြင်သူများမှာ (၃)ဦးရှိပြီး အ.ထ.က(တာချီလိတ်)မှ ကျောင်းသူ မှမခင်မင်းထက် ( ခုံနံပါတ်-အတခလ ၁၇၇ )၊ ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းသားတစ်ဦးဖြစ်သူ မောင်ကျော်စည်ထွန်း (ခုံနံပါတ် - အတခလ ၄၁၈ ) နှင့် အလက(ပုန်းထွန်)မှ ကျောင်းသား တစ်ဦးဖြစ်သူ မောင်ကောင်းခန့်ကျော် (ခုံနံပါတ် - အတခလ ၃၇၆)တို့ ပါဝင်ကြောင်း သိရသည်။
စတုတ္တတန်း နှင့် အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူများကို ပြန်လည်ကုစားရမည့် သတ်မှတ်ရက်အား ၂၀၁၅ခုနှစ် ဧပြီလ(၂၄)ရက်နေ့မှ စ၍ မေလ(၁၃)ရက်နေ့ အထိ သက်ဆိုင်ရာ ကျောင်းများတွင် ကျောင်းပြန်လည် တက်ရောက်ရမှာဖြစ်ပြီး ပြန်လည်ကုစားဖြေဆိုရမည့်ရက်ကို မေလ(၁၄)ရက်နေ့မှ မေလ(၁၆)ရက်နေ့အထိ သတ်မှတ်ထားကြောင်း နှင့် ပြန်လည်ကုစားမှုသည် တစ်ကြိမ်သာဖြစ်ကြောင်း ပညာရေးဌာနမှ သိရသည်။
သတင်း။ ။ သုတ(ရွှေမဟာ)
~~~~~~ ကြော်ငြာ ~~~~~~