ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့နယ် တစ်ခုလုံးတွင် ဥာဏ်တော်အမြင့်ဆုံးနှင့် အကြီးမားဆုံးဖြစ်သော စေတီတော်တစ်ဆူကို မိုင်းလင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ၀ိမလ ဦးဆောင်၍ လွယ်တော်ခမ်း ကျေးရွာအုပ်စု၊ ဝှေရဲကျေးရွာအနီး၊ ကိုးသောင်းကိုးထောင် ရွှေလင်းကြည်ဂူတောရ ကမ္မဌာန်းကျောင်းရှိ နယ်နိမိတ်တွင် "သီရိမင်္ဂလာပါရမီ စေတီတော်"အမည်ရှိ စေတီတော်မြတ်ကြီးအား တည်ထားဆောက်လုပ်နေလျက်ရှိရာ ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ ဟိုပုန်းကိုရင်လေးကျောင်းမှ ကိုရင်/ဦးဇင်း/သံဃာများနှင့် တပည့် ဒါယကာ၊ ဒါယိကာမများမှ လာရောက်၍ လုပ်အားဒါနပြုရာ စေတီတော် အမြန်ဆုံး ပြီးမြောက်စေရန်အတွက် အလှူရှင်များ လိုအပ်နေလျက်ရှိပြီး နေ့စဉ်ကုန်ကျမှုဖြစ်သည့် လုပ်အားဒါနပြုသူ သံဃာများအတွက် ဆွမ်းကိစ္စဆောင်ရွက်ရန် အလှူရှင်များ လိုအပ်နေလျက်ရှိကြောင်း သိရသည်၊
စေတီတော်ကြီးကို ၂၀၁၄ ဖေဖော်ဝါရီ (၂)ရက်နေ့က စတင်ပန္နက်ရိုက်ခဲ့ပြီး၊ ၂၀၁၅ ဖေဖော်ဝါရီ (၂)ရက်နေ့မှာ ဟိုပုန်းကိုရင်လေးကျောင်းမှ ကိုရင်/ဦးဇင်း/သံဃာများနှင့် တပည့် ဒါယကာ၊ ဒါယိကာမများ စုစုပေါင်း(၆၀)ခန့်မှ လာရောက်ပြီး လုပ်အားဒါနပြုလျက်ရှိရာ ယခုအခါမှာ အတော်အသင့်ပြီးစီးနေပြီး စေတီတော်အား ယခုနှစ်အတွင်း ပြီးစီးရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျောင်းတိုက်နေ ဆရာတော် အရှင်ခေမာဝံသ၏ မိန့်ကြားချက်အရ သိရသည်။
စေတီတော်တည်ဆောက်မှုနှင့် နေ့စဉ်ဆွမ်းကိစ္စများအတွက် ကုန်ကျမှုနှင့် ပတ်သက်၍ "စေတီတော်ကြီးရဲ့ ကုန်ကျစရိတ်ကိုတော့ ဘတ်သိန်း(၅၀)ခန့် ကုန်ကျမယ်လို့ ခန့်မှန်း တွက်ချက်ထားကြပါတယ်၊ လုပ်အားပေးလျှက်ရှိတဲ့ သံဃာတော်နဲ့ လူပရိသတ်ကိုတော့ ကျွေးမွေးစားရိတ် တစ်နေ့တာ ဘတ်(၃၀၀၀)ခန့် ကုန်ကျပါတယ်၊ အားလုံးကလည်း သက်သတ်လွတ်ပဲ စားသုံးကြပါတယ်.."ဟု ဆရာတော် အရှင်ခေမာဝံသမှ မိန့်ကြားသည်။
ထိုသို့ စေတီတော်မြတ်ကြီးအား တည်ထားကိုးကွယ်ရန်အတွက် ကုန်ကျမှုများ အနေဖြင့် သဲကြမ်း အစီး (၁)သောင်းခန့်၊ ကျောက်ကြီး အစီး(၁)သောင်းခန့်၊ ဘိလပ်မြေ အိတ်ပေါင်း (၁)သိန်းခန့် နှင့် အုတ်နီခဲ (၂)သိန်းခန့် ကုန်ကျမည်ဖြစ်သည့်အတွက် ပါဝင်ကုသိုလ်ယူလိုသူ ခုနစ်ရက်သားသမီးများ အနေဖြင့် ပါဝင်လှူဒါန်းနိုင်မှာ ဖြစ်ရာ မိမိတို့တတ်နိုင်သရွေ့ ပါဝင်လှူဒါန်းနိုင်ရန်အတွက် ပစ္စည်းတန်ဖိုးများကို ဖော်ပြပေးလိုက်ပါသည်။
- ၁ ။ ။ သဲကြမ်း (၁)စီး = ၉၀၀ ဘတ်
- ၂ ။ ။ ကျောက်ကြီး (၁)စီး = ၁၃၀၀ ဘတ်
- ၃ ။ ။ ဘိလပ်မြေ (၁)အိတ် = ၁၂၀ ဘတ်
- ၄ ။ ။ အုတ်နီခဲ (၁)လုံး = ၂ဘတ် ၆၀ ပြား
မိမိတို့ တက်အားသရွေ့ ပါဝင်ကုသိုလ်ယူ လှူဒါန်းလိုသည့်အခါ ကိုးသောင်းကိုးထောင် ရွှေလင်းကြည်ဂူတောရ ကမ္မဌာန်းကျောင်း၌ သွားရောက် လှူဒါန်းနိုင်မှာဖြစ်ပြီး အောက်ဖော်ပြပါ ဆက်သွယ်ရန် လိပ်စာနှင့်ဖုန်းနံပါတ်များမှ တဆင့်လည်း ဆက်သွယ်၍ လှူဒါန်းနိုင်မှာ ဖြစ်ပါသည်။
ကိုးသောင်းကိုးထောင် ရွှေလင်းကြည်ဂူတောရ ကမ္မဌာန်းကျောင်း
အရှင်ခေမာဝံသ
မြန်မာဖုန်း။ ။ 09-36175180
ဦးစိုင်းရီတစ်
မြန်မာဖုန်း။ ။ 09-49036131၊ 09-49036131၊ 09-5240939
စိုင်းရွက် ( အိမ်ဆောက်ပစ္စည်းဆိုင် )
မြန်မာဖုန်း ။ ။ 084-51585
ထိုင်းဖုန်း ။ ။ 081-8811581၊ 089-9607602
တာချီလိတ်မြို့။
ဦးဆန်းလွင်
မြန်မာဖုန်း ။ ။ 09-36123470
ထိုင်းဖုန်း ။ ။ 081-9981794
မယ်ခေါင်ရပ်ကွက်၊ တာချီလိတ်မြို့။
ဦးမြင့်မောင် ( ပြည်ဟိန်းထွန်းဝပ်ရှော့ )
မြန်မာဖုန်း ။ ။ 09-428211890
ထိုင်းဖုန်း ။ ။ 089-8556197