တာချီလိတ်မြို့နယ် အားကစားရုံကြီးကြပ်ထိန်းသိမ်းရေး ကော်မတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့မှ ပူးပေါင်း၍ နွေရာသီအခြေခံ အားကစားသင်တန်းအဖြစ် ကာရာတေးနှင့် ကြက်တောင်ရိုက် သင်တန်းတို့ကို အခမဲ့အဖြစ် တာချီလိတ်မြို့နယ်အားကစားရုံတွင် မတ်လ(၁၀)ရက်နေ့က စတင်၍ သင်ကြားပို့ချခဲ့ရာ ကြက်တောင်ရိုက် သင်တန်းပြီးမြောက်ခြင်းအဖြစ် သင်တန်းဆင်းပွဲကို ယနေ့ မတ်လ(၃၁)ရက်နေ့ နံနက်ပိုင်းက မြို့နယ်အားကစားရုံ၌ပင် ကျင်းပပြုလုပ်ခဲ့ကြသည်။
သင်တန်းဆင်းပွဲနှင့်အတူ သင်တန်းဆင်းကြက်တောင် ပြိုင်ပွဲကို ကျင်းပခဲ့ပြီး ဆုရရှိသူများကို နည်းပြများ ၊ တာချီလိတ်ကြက်တောင် ကော်မတီဝင်များ၊ ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးခဲ့သည်။
"နှစ်တိုင်းနွေရာသီ ကြက်တောင်သင်တန်းလုပ်ဖြစ်ပါတယ်။ တစ်နှစ်ကို (၂)ယောက် ၊ (၃)ယောက် ထွက်ရင်ဘဲ သင်တန်းပေးရကျိုးနပ်ပါတယ်။ သူတို့ဟာ အခုဆို လူကြီးတွေနဲ့ ယှဉ်ရိုက်နိုင်ပြီး သင်တန်းကနေ ထူးချွန်ကလေးတွေ အများကြီး ထွက်ပါတယ် ။ ကလေးတွေ တခြားနေရာတွေ အချိန်မဖြုန်းရဘူးပေါ့" ဟု ဦးစိုင်းဇော်မိုးက တာချီလိတ်အွန်လိုင်းသို့ ပြောသည်။
ပုံများကိုကြည့်ရန်