တာချီလိတ်မြို့နယ် အားကစားရုံကြီးကြပ်ထိန်းသိမ်းရေး ကော်မတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့မှ ပူးပေါင်း၍ နွေရာသီအခြေခံ အားကစားသင်တန်းအဖြစ် ကာရာတေးနှင့် ကြက်တောင်ရိုက် သင်တန်းတို့ကို အခမဲ့အဖြစ် တာချီလိတ်မြို့နယ်အားကစားရုံတွင် သင်ကြားပို့ချပေးသွားမှာ ဖြစ်ကြောင်း သိရသည်။
သင်တန်းများအနေဖြင့် ကာရာတေးသင်တန်းအား ၂၀၁၅ခုနှစ် မတ်လ(၁၀)ရက်နေ့မှ ဧပြီလ(၁၀)ရက်နေ့ အထိ (၁)လတိတိ သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး ကြက်တောင်ရိုက်သင်တန်းအား မတ်လ(၁၀)ရက်နေ့မှ မတ်လ(၃၁)ရက်နေ့အထိ သတ်မှတ်အချိန်များအလိုက် သင်ကြားပို့ချပေးသွားမှာဖြစ်ကြောင်း မြို့နယ်အားကစားရုံကြီးကြပ်ထိန်းသိမ်းရေး ကော်မတီမှ သိရသည်။
"သင်တန်းအတွင်း အားကစားအင်္ကျီတွေကိုတော့ ပြည်ခိုင်ဖြိုးပါတီက ကူညီပေးမှာဖြစ်ပြီး၊ ကြက်တောင် ပစ္စည်းတွေကိုတော့ အားကစားရုံကြီးကြပ်ထိန်းသိမ်းရေး ကော်မတီက ပံ့ပိုးကူညီပေးမှာဖြစ်ပါတယ်၊ ကာရာတေးကိုတော့ (၁)လတိတိ သင်ကြားပေးမှာဖြစ်ပေမဲ့ ကျွန်တော်တို့ ကြက်တောင်ရိုက် သင်တန်းကိုတော့ ရက်တိုအနေနဲ့ မတ်လ(၃၁)ရက်နေ့ထိ သင်ကြားပေးမှာ ဖြစ်ပါတယ်"ဟု မြို့နယ်အားကစားရုံကြီးကြပ်ထိန်းသိမ်းရေး ကော်မတီဝင် ဦးစိုင်းဇော်မိုးက ပြောသည်။
သင်တန်းတွင် လာရောက်သင်ယူလိုသူ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အရပ်အမောင်းကို (၄)ပေ(၆)လက်မ အထက်သာ လက်ခံမှာဖြစ်ပြီး ကာရာတေးသင်တန်းအား နံနက်(၆း၃၀)နာရီမှ (၉)နာရီအချိန်ထိ သင်ကြားပို့ချပေးမှာဖြစ်ပြီး ကြက်တောင်ရိုက်သင်တန်းအား နံနက်(၉)နာရီမှ နေ့လယ်(၁၂)နာရီအထိ နှင့် မွန်းလွဲ(၁)နာရီအချိန်မှ ညနေ(၃)နာရီအချိန်ထိ သင်ကြားပို့ချပေးသွားမှာ ဖြစ်ကြောင်း သိရသည်။
ဆက်သွယ်ရန် (ထိုင်းဖုန်းများသာ)
အား/ကာ ဦးစီးဌာန ( အားကစားရုံ )၊ ဦးတင်မောင်လှ ( 085 - 0297109 )၊ ဦးမြင့်သန်း ( 081-5316393 )၊ ဦးစိုင်းဇော်မိုး ( 082-7666618 )၊ ဦးအောင်ဝင်း ( 083-4782327 )