ထိုင်း - မြန်မာ - လာအို သုံးနိုင်ငံ နယ်စပ်မြို့လေးတစ်မြို့ဖြစ်သည့် တာချီလိတ်မြို့ကို ရောက်ပြီဆိုရင် တည်းခိုစရာ ဟိုတယ်တွေကို ရွေးချယ်ရတဲ့အလုပ်ဟာ အထူုးကိစ္စရပ်လိုလို ဖြစ်နေပါပြီ။ အဲ့ဒီအတွက် စိတ်မပူရအောင် တာချီလိတ်အွန်လိုင်းသတင်းဌာနမှ အွန်လိုင်းကြော်ငြာဝန်ဆောင်မှုအနေဖြင့် မိတ်ဆက်ပေးချင်တာကတော့ ဟိုတယ်ပိုင်းဆိုင်ရာ ၀န်ဆောင်မှုများအပြင် အစားအသောက်များနဲ့ လက်ဝတ်ရတနာများ၊ အလှပြင်ချင်သူများ၊ Spa စတာတွေများကို တစ်နေရာတည်းမှာ အစုံအလင် ရရှိနိုင်တဲ့ "ရွှေဘူးသီး"ဟိုတယ်နဲ့ မိတ်ဆက်ပေးလိုက်ပါရစေ...
"ရွှေဘူးသီး"ဟိုတယ်ကို ၂၀၁၄ခုနှစ် ဒီဇင်ဘာလ(၁၃)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဟိုတယ်ကို အခန်းပေါင်း (၁၁၆)ခန်းနဲ့ ဖွဲ့စည်းထားကာ အထပ်ပေါင်းမှာ (၈)ထပ်ရှိပြီး အမြင့်ဆုံးအထပ်ပေါ်ကနေ တာချီလိတ်မြို့ရဲ့ မြင်ကွင်းအလှ သဘာဝများကိုလည်း ရှုစားနိုင်မှာ ဖြစ်ပါတယ်။
အခန်းပေါင်း (၁၁၆)ခန်းနဲ့ ဖွဲ့စည်းထားတဲ့ "ရွှေဘူးသီး"ဟိုတယ်မှာ တည်းခိုခန်းခအနေနဲ့ ဈေးနှုန်းကို နှစ်မျိုးနှစ်စား သတ်မှတ်ပေးထားပြီး ဟိုတယ်အတွင်းမှာ စားသောက်ဆိုင်များ၊ မင်္ဂလာ ဧည့်ခံပွဲနဲ့ အဆင့်မြင့် အစည်းအဝေးများအပြင် ဌာနဆိုင်ရာ အစည်းအဝေးများ၊ ပုဂ္ဂလိက အစည်းအဝေးများ ပြုလုပ်နိုင်ရန်အတွက် ပုံစံအမျိုးမျိုးနဲ့ ပြင်ဆင်ဆောင်ရွက်ပေးတဲ့အပြင် ကုန်ပစ္စည်း မိတ်ဆက်ပွဲများကို ကျင်းပနိုင်ရန်အတွက် ခန်းမကိုလည်း ထားရှိပေးထားတာကို တွေ့ရပါတယ်။
"အခန်းခ ကတော့ သတ်မှတ်ဈေးနှုန်းအတိုင်း ငှားပေးပါတယ်၊ မင်္ဂလာခန်းမရဲ့ အကျယ်အ၀န်းကတော့ လူဦးရေ (၃၅၀)၀န်းကျင်စာလောက် ဆန့်ပါတယ်။ မင်္ဂလာဧည့်ခန်းပွဲအတွက် ခန်းမငှားရင် အခန်းတစ်ခန်း တစ်ရက်တာအတွက် လက်ဆောင်အနေနဲ့ တည်းခွင့် ပါတယ်၊ ဟိုတယ်က အစားအစာကို မှာယူမယ် ဆိုရင်လည်း လူဦးရေ အရေအတွက်နှုန်းနဲ့လည်း တွက်ချက်ပြီး ၀န်ဆောင်မှုပေးသလို၊ ဧည့်ခံချိန်မှာလည်း ဟိုတယ်က ၀န်ထမ်းတွေဘက်က ၀န်ဆောင်မှုပေးပါတယ်"လို့ ဟိုတယ်တာဝန်ရှိသူ တစ်ဦးက ရှင်းပြပါသေးတယ်။
"ဟိုတယ်အနေနဲ့ အခါကြီးနေ့ကြီးတွေဖြစ်တဲ့ နှစ်သစ်ကူးနေ့တွေ၊ သင်္ကြန်ရက်တွေ စတဲ့ နေ့ထူးနေ့မြတ်တွေမှာလည်း အထူးလျှော့ပေးထားတဲ့ နှုန်းတွေနဲ့ ၀န်ဆောင်မှုပေးဖို့လည်း စီစဉ်ထားပါတယ်၊ နောက်တစ်ခုက ဘယ်အချိန် ကာလမှာပဲဖြစ်ဖြစ် အခန်း(၁၀)ခန်း ယူတယ်ဆိုရင် (၁)ခန်းကို အပို လက်ဆောင်အဖြစ် ပေးပါတယ်၊ သဘောက (၁၀)ခန်းယူရင် (၁၁)ခန်း ပေးပါတယ်"လို့ မန်နေဂျာမှ ရှင်းပြပါတယ်။
ပြင်ပမှလည်း လာ၍ စားသောက်နိုင် စားသောက်ဆိုင်
"ရွှေဘူးသီး"ဟိုတယ်မှာ ထိုင်း၊ တရုတ် နဲ့ ဥရောပ အစားအစာများအပြင် လားဟူရိုးရာအစားအစာများနဲ့ "ဝ"ရိုးရာ ဆန်ပြုတ်ကိုလည်း စားသုံးနိုင်တဲ့အပြင် ရှမ်းခေါက်ဆွဲလည်း မှာယူ စားသောက်နိုင်တဲ့အပြင် ဟိုတယ်မှာ လာရောက်တည်းခိုသူများအပြင် ပြင်ပက ဧည့်သည်များလည်း လာရောက် သုံးဆောင်နိုင်မှာဖြစ်ပြီး ဈေးနှုန်းချိုသာစွာနဲ့ သန့်ရှင်းလတ်ဆတ်စွာ ၀န်ဆောင်မှုပေးနေတဲ့ ဟိုတယ်တစ်ခုဖြစ်ကြောင်းလည်း သိရပါတယ်။
Photo By: ရွှေဥသြ (တာချီလိတ်) ( 09428220135 )