တာချီလိတ်မြို့နယ် စာရေးဆရာအသင်းမှ ၂၀၁၅ခုနှစ် ရွှေတြိဂံမဂ္ဂဇင်း ထုတ်ဝေရေး ညှိနှိုင်းစည်းဝေး

တာချီလိတ်မြို့နယ် စာရေးဆရာအသင်းမှ ၂၀၁၅ခုနှစ် ရွှေတြိဂံမဂ္ဂဇင်း ထုတ်ဝေရေး ညှိနှိုင်းစည်းဝေး
မတ် 14, 2015
By Tachileik News Agency

ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ်စာရေးဆရာအသင်းမှ (၂)နှစ် တစ်ကြိမ်ထုတ်ဝေလျက်ရှိသည့် ရွှေတြိဂံမဂ္ဂဇင်းကို အောင်မြင်စွာ ထုတ်ဝေနိုင်ရေးနှင့် လစဉ် ပြုလုပ်လျက်ရှိသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မတ်လ (၁၄)ရက်၊ မွန်းလွဲ (၁) နာရီ အချိန်က ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ မြို့နယ်စာရေးဆရာအသင်းရုံး စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စာရေးဆရာအသင်းနာယက ဒေါက်တာ မြင့်အောင် က အဖွင့်အမှာ စကားပြော ကြားပြီး၊ နာယကများဖြစ်သည့် ဦးစိုးစိုး( စိုးသီဟစိုး)၊ ဦးစိုင်းကျော်ဇံ(စိုင်းလုံကျော်)၊ ဦမြင့်လွင်(ဇေယျာမင်း-ကေတု)၊ ဥက္ကဋ္ဌ ဦးထိန်မင်း (မင်းအေးငြိမ်းဈေ)၊ အတွင်းရေးမှူး ရဲအုပ်စံသိန်း (မောင်ဖိုးစံ-ဒူးယား)၊ တွဲဖက် အတွင်းရေးမှူး ဦးလှဌေး (ဝေယံလင်း)၊ ဘဏ္ဍာရေးမှူး ဦးဝေယံဦး(နေတစ်စင်း)၊ ဦးမောင်မောင်နိုင် (နိုင်မောင်မောင်)၊ ဦးစိုင်းအောင်ကြိုင် (နန်းရွှေလီကြိုင်)တို့က ၂၀၁၅ခုနှစ်၊ ရွှေတြိဂံမဂ္ဂဇင်း အောင်မြင်စွာ ထုတ်ဝေနိုင်ရေးနှင့် အသင်းရုံးတွင် ဖွင့်လှစ်ထားသည့် “ နေ့သစ်” စာကြည့်တိုက် နှင့် Wifi များတွင် စာငှားစာဖတ်၊ အသုံးပြုသူ တိုးပွားရေး၊ လစဉ် ရန်ပုံငွေ အရ/အသုံး ဆိုင်ရာများ၊ စာပေဟောပြောပွဲနှင့် စာကြည့်တိုက်ဖွင့်လှစ်စဉ် ရန်ပုံငွေ ရရှိမှုနှင့် သုံးစွဲမှု ရှင်းတမ်းများ၊ ရှေ့ဆက်လက် ဆောင်ရွက်မည့်
လုပ်ငန်းများအား ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ကြသည်။

အခမ်းအနားတွင် အသင်းနာယက ဒေါက်တာမြင့်အောင်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်
ဆံရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်ထားသော စာအုပ်ပေါင်း (၇၀၀၀)ကျော် ပါဝင်သည့် Public Digital Library Service စက်(၁)လုံးအား ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံယူပြီး အသင်းရုံး၌ တပ်ဆင်ပေးသည်။

၂၀၁၅ ခုနှစ် တာချီလိတ် ရွှေတြိဂံမဂ္ဂဇင်းတွင် စာမူများပေးပို့လိုပါက ဦးထိန်မင်း ( ဥက္ကဋ္ဌ၊မြို့နယ်စာရေးဆရာအသင်း၊ တာချီလိတ်မြို့၊ မေတ္တာမိတ္တူလုပ်ငန်း၊ ဗိုလ်ချုပ်လမ်း၊၀မ်ကောင်းရပ်ကွက်)၊ ဦးလှဌေး (တွဲဖက်အတွင်းရေးမှူး)၊ (ဦးစီးအရာရှိ၊ ခရိုင် ပြန်/ဆက်၊တာချီလိတ်မြို့) သို့ ၂၀၁၅ခုနှစ် ဧပြီလ (၃၀)ရက် နောက်ဆုံးထား၍  ပေးပို့နိုင်ကြောင်း သိရသည်။

သတင်း ။  ။ ဝေယံလင်း

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~