အလုပ်အကိုင် လိုအပ်နေသူများအတွက် နည်းပညာသုံး၍ အလုပ်ကြေညာထား

အလုပ်အကိုင် လိုအပ်နေသူများအတွက် နည်းပညာသုံး၍ အလုပ်ကြေညာထား
မတ် 8, 2015
By Tachileik News Agency

တရုတ်နိုင်ငံ၊ ရှဲန်ဇီပြည်နယ်၊ တိုင်ယွမ်မြို့မှာ အများပြည်သူများရှေ့တွင် အလုပ်ရှာသူများအား နည်းပညာသစ်သုံး၍ အလုပ်ရှာနည်း တစ်ခုအား မိတ်ဆက်ခဲ့ကြောင်း သိရသည်။

လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က အလုပ်ကြေညာဘုတ်ပေါ်တွင် လျင်မြန်သောတုံ့ပြန်ချက်ကုတ်ဟု အမည်ရသည့် QR(quick response code) ကုဒ်များထည့်ထားပြီး အလုပ်ရှာသူများမှ မိုဘိုင်းဖုန်း အတွင်း QR စကင်နာဖြင့်ဖတ်၍ မိမိရှာလိုသော အလုပ်အမျိုးအစား၊ ကုမ္ပဏီ အချက်အလက်များအား တိုက်ရိုက် သိရှိနိုင်မည်ဖြစ်ပြီး အလုပ်ရှာသော သူတစ်ဦးတည်းသာ သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီများမှ မိမိတို့လိုအပ်သော လစ်လပ်နေသော အလုပ်သမားနေရာနှင့် အချက်အလက်များအား QR code အတွင်း ထည့်သွင်းထားပြီး ဘုတ်ပေါ်တွင် ဖေါ်ပြထားခြင်းဖြင့် လိုအပ်သော အလုပ်သမား လျင်မြန်စွာ ရရှိမည်ဖြစ်ပြီး အလုပ်သမားများမှလည်း လွယ်ကူစွာ မိမိလိုအပ်သော အလုပ်အကိုင်အား ရှာဖွေနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဘာသာပြန်။  ။ ဇက်(Z)
Ref; CCTVNEWS

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~ ကြော်ငြာ ~~~~~~~~~