မိုင်းဖြတ်မြို့တွင် ပထမအကြိမ် တရားပွဲဖြစ်မြောက်ရန်အတွက် မိုင်းဖြတ်ဌာနဆိုင်ရာများနှင့် အလင်းရောင်ပရဟိတအသင်းတို့ ပူးပေါင်း

မိုင်းဖြတ်မြို့တွင် ပထမအကြိမ် တရားပွဲဖြစ်မြောက်ရန်အတွက် မိုင်းဖြတ်ဌာနဆိုင်ရာများနှင့် အလင်းရောင်ပရဟိတအသင်းတို့ ပူးပေါင်း
မတ် 11, 2015
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ပထမအကြိမ် တရားပွဲတော် ကျင်းပနိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မတ်လ (၁၁)ရက် နံနက်(၁၀)နာရီက မိုင်းဖြတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းတွင် ကျင်းပရာ တရားပွဲတော် ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းဆပ်ကော်မတီဝင်များ ၊ တာချီလိတ်မြို့မှ အလင်းရောင် ပရဟိတအသင်းဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်က တရားပွဲတော်ကျင်းပနိုင်ရေး ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ ၊ ဖွဲ့စည်းထားသည့် ကော်မတီဝင်များ၏ ဆောင်ရွက်ရမည့်လုပ်ငန်း စဉ်များကို ရှင်းလင်းပြောကြားပြီး ၊ တာချီလိတ်မြို့မှ အလင်းရောင် ပရဟိတအသင်းဥက္ကဌ ဦးမြင့်ဦးနှင့် ဒု-ဥက္ကဌ ဦးနိုင်စိုးတို့က ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးသွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးကြ သည်။

ထို့နောက် ဦးစီးကော်မတီနှင့် လုပ်ငန်းဆပ်ကော်မတီဝင်များက ကော်မတီ အလိုက်တာဝန်ယူ ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို အသီးသီးရှင်းလင်းဆွေးနွေးကြပြီး ပထမအကြိမ်တရားပွဲတော်ကို မတ်လ (၂၈)ရက်မှ (၃၀)ရက်အထိ မိုင်းဖြတ်မြို့ အခြေခံပညာအထက်တန်းကျောင်းဝန်းထဲတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

သတင်း ။   ။ ရှောလမွန်(iprd)

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~