တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်ဆူ ခရိုင်ထဲက ရှီကျုံးမြို့မှ လူ(၆)ယောက်ဟာ ကား၊ ဆိုင်ကယ်များမှ အပိုပစ္စည်းများအား စုပေါင်းပြီး “သံမဏိပုဇွန်”တစ်ကောင်ကို ပုံဖော်တည်ဆောက်ခဲ့ပါတယ်။
ဒီဓါတ်ပုံတွေဟာ တရုတ်နိုင်ငံရဲ့ လူမှုကွန်ယက်ပေါ်မှာ လူစိတ်ဝင်စားမှုခံခဲ့ရပြီး မေးခွန်ပေါင်းများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။
“သံမဏိ ပုဇွန်ကြီး”ဟာ (၈)မီတာရှည်လျားပြီး အလေးချိန်(၂)တန်ခန့် လေးပါတယ်။ အချိန်(၁၅)ရက်ခန့် ယူပြီး တည်ဆောက်ခဲ့ကြောင်းနှင့် အဖွဲ့ဝင်ထဲက ကျန်းဟောင်ရဲ့ စားသောက်ဆိုင်ဟောင်းကြီးထဲမှာ တည်ဆောက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
သူတို့ဟာ ကျောင်းသားဘ၀တုန်းက သင်ယူလေ့လာခဲ့တာနဲ့ ပေါင်းစပ်ပြီး ပုဇွန်နဲ့ အတက်နိုင်ဆုံး တူညီအောင် တည်ဆောက်ခဲ့ပါတယ်လို့ “ကျန်း”ကပြောပါတယ်။
သူတို့အဖွဲ့ရဲ့ တီထွင်ဆန်းသစ်မှုဟာ လူမှုကွန်ယက်ကြောင့် နာမည်ကျော်သွားကြောင်း ၎င်းမှဆိုပါတယ်။
ဘာသာပြန်။ ။ ကိုဇက်(Z)
Ref; CCTVNEWS