Mobile Team အဖွဲ့မှ ပိုင်ရှင်မဲ့ အဖြစ် ဖမ်းဆီးရမိသော ကျွဲ(၁၆)ကောင်အား တာချီိလိတ်၌ လေလံတင် ရောင်းချမည်ဖြစ်ရာ မည်သူမဆို လာရောက်ဝယ်ယူနိုင်

Mobile Team အဖွဲ့မှ ပိုင်ရှင်မဲ့ အဖြစ် ဖမ်းဆီးရမိသော ကျွဲ(၁၆)ကောင်အား တာချီိလိတ်၌ လေလံတင် ရောင်းချမည်ဖြစ်ရာ မည်သူမဆို လာရောက်ဝယ်ယူနိုင်
မတ် 21, 2015
By Tachileik News Agency

ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင်၊ မိုင်းဖြတ် - မိုင်းယောင်းလမ်းပေါ်တွင် ပိုင်ရှင်မဲ့အဖြစ် ကျွဲတိရိစ္ဆာန်(၁၇)ကောင်အား မတ်လ(၁၄)ရက်နေ့က Mobile Team အဖွဲ့မှ ဖမ်းဆီးရမိသည့်အတွက် အဆိုပါ ကျွဲတိရိစ္ဆာန်များကို ပြန်လည်၍ လေလံတင်ရောင်းချသွားမှာဖြစ်ကြောင်း သိရသည်။

မတ်လ(၁၄)ရက်နေ့က Mobile Team အဖွဲ့မှ ဖမ်းဆီးရမိသည့် ကျွဲ(၁၇)ကောင်တွင် တစ်ကောင်မှာ သေဆုံးသွားပြီး ကျန်ရှိသည့် ကျွဲ(၁၆)ကောင်ကို တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးရှိ အစည်းအဝေးခန်းမတွင် ၂၀၁၅ခုနှစ် မတ်လ(၂၃)ရက် တနင်္လာနေ့ နံနက်(၉)နာရီအချိန်၌ လေလံတင်၍ ရောင်းချသွားမည်ဖြစ်ရာ တာချီလိတ်ရှိ မည်သူမဆို လာရောက်၍ သတ်မှတ်ဈေးနှုန်းထက် ဈေးပိုပေး၍ ၀ယ်ယူရရှိနိုင်မှာ ဖြစ်ကြောင်းသိရသည်။

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~ကြော်ငြာ ~~~~~~~