ထောင်ပေါင်းများစွာရှိသည့် ငါးများကို ကားဖြင့် တစ်ခြားနေရာသို့ သယ်ယူပို့ဆောင်ရင်း ကားလမ်းမပေါ်တွင် သယ်ဆောင်လာသော ငါးများကြောင့် မိနစ်ပိုင်းအတွင်းမှာ ကားလမ်းမကြီးသည် ချက်ချင်းပင် ငါးများလူးလွန့် နေသော လမ်းအဖြစ် ပြောင်းလဲသွားစေခဲ့သည်။
မတ်လ၏ ဒုတိယအပတ်အလွန်က တရုတ်ပြည်နယ် ကလီမြို့သို့ သယ်ယူသွားစဉ်မှာ မတော်တဆ ကားတံခါးပွင့်သွားပြီး (၆၈၀၀) ကီလိုဂရမ်ခန့်ရှိသော ငါးခူများသည် လမ်းတစ်လျှောက် ပြန့်ကျဲသွားစေခဲ့သည်။
ထိုသို့ ကားလမ်းမ တစ်လျှောက် ငါးများ ပြန့်ကျဲနေမှုကို ဒေသခံပြည်သူများနှင့် မီးသတ်အဖွဲ့များ၏ အကူအညီဖြင့် ငါးများကို သူတို့ ခရီးပြီးဆုံးဖို့ (၂)နာရီအလိုမှာ ကုန်တင်ကားပေါ်သို့ ပြန်လည် သယ်ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
လမ်းများပေါ် ပြန့်ကျဲခဲ့ရသည့် ငါးများကို စားသုံးဖို့ အဆင်ပြေပါနိုင်မလား ဆိုတာနှင့် ငါးများကို စားသောက်ဆိုင်များမှာ လိုက်ပို့ဖို့ အဆင်ပြေပါ့မလားဆိုတာကိုတော့ အသေအချာ မသိရှိရသေးပါ။
ဘာသာပြန်။ ။ ဇက်(Z)
Ref; CCTVNEWS