တာချီလိတ်၌ ဒုတိယမြောက် ကိုယ်ပိုင်အထက်တန်းကျောင်း မကြာမီ ဖွင့်လှစ်မည်

တာချီလိတ်၌ ဒုတိယမြောက် ကိုယ်ပိုင်အထက်တန်းကျောင်း မကြာမီ ဖွင့်လှစ်မည်
မတ် 24, 2015
By Tachileik News Agency

တာချီလိတ်မြို့တွင် ကျောင်းသား (၃၀၀)ဦးခန့် တက်ရောက်နိုင်သည့် ဒုတိယမြောက် ကိုယ်ပိုင် အထက်တန်းကျောင်းကို မကြာမီ ကာလအတွင်းမှာ ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း (၅)ကျောင်းနှင့် ကိုယ်ပိုင် အထက်တန်းကျောင်း (၁)ကျောင်းဖွင့်လှစ်ထားရှိရာ ၂၀၁၅ - ၂၀၁၆ ပညာသင်နှစ်တွင် ဒုတိယမြောက် ကိုယ်ပိုင်အထက်တန်းကျောင်းအား ထပ်မံဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

“ဒီဒေသမှာ စာရိတ္တကောင်းမွန်ပြီး ထူးချွန်ထက်မြက်တဲ့ ကလေးတွေ ပိုမိုပေါ်ပေါက်ဖို့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်တာပါ”ဟု ပညာကမ္ဘာ ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ ဆရာမကြီး ဒေါ်နန်းရွှေမှုန်က ပြောသည်။

ဧပြီလ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းသားများ စတင် လက်ခံနေပြီဖြစ်ကြောင်း သိရသည်။

ကျောင်းအား မူလတန်းမှ တက္ကသိုလ်ဝင်တန်းအထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး တစ်ခန်းလျှင် ကျောင်းသားဦးရေ (၂၈)ဦးခန့် တက်ရောက်နိုင်ရန် စီစဉ်ထားကြောင်းသိရသည်။

ယခု တာချီလိတ်၌ ဖွင့်လှစ်မည်ဖြစ်သော ပညာကမ္ဘာကိုယ်ပိုင်အထက်တန်းကျောင်းသည် ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့မှ ကျေးဇူးကမ္ဘာ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းခွဲ အမှတ်(၅)ဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့ ကျောင်းသားမိဘတွေအတွက် ကလေးတွေပညာရေးကို ရွေးချယ်စရာ အခွင့်အရေး ပိုများလာတာပေါ့”ဟု ကျောင်းသားမိဘ တစ်ဦးမှပြောသည်။

ပညာကမ္ဘာ ကိုယ်ပိုင်အထက်တန်းကျောင်းအား တာချီလိတ်မြို့၊ ၀မ်ကောင်းရပ်ကွက်၊ အမှတ်(၉/၄၁၇)တွင် ဖွင့်လှစ်ထားကြောင်းနှင့် ကျောင်းအပ်လိုသော မိဘများမှ အောက်ဖော်ပြပါ ဖုန်းနံပါတ်မှလည်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

ဆက်သွယ်ရန် ဒေါ်နန်းရွှေမှုန်
မြန်မာဖုန်းနံပါတ် ၀၉၄-၀၃၇၁-၂၆၁၀ ၊ ၀၉၁-၄၇၈-၂၄၀၀

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~