ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် တရားပွဲ နှစ်ညတိုင်တိုင် ကျင်းပပြုလုပ်မည်

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် တရားပွဲ နှစ်ညတိုင်တိုင် ကျင်းပပြုလုပ်မည်
မတ် 24, 2015
By Tachileik News Agency

တာချီလိတ်မြို့နှင့် နီးစပ်သည့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင် (၂)ရက် ဆက်တိုက် တရားပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မယ်ဆိုင်မြို့တွင် တည်ထောင်ဖွင့်လှစ်ထားသော ဓမ္မစကူးလ်ကျောင်းတော်(မယ်ဆိုင်)မှ ကြီးမှူးကျင်းပမည့် တရားပွဲအား စေတနာပန်းခင်းဆရာတော် အရှင်တေဇာနန္ဒ(B.A ဓမ္မာစရိယ Buddhist University, Yangon) မဟာဓမ္မာစရိယ (M.A Buddhism, Kelaniya University, Sri Lanka) မှ တရားချီးမြှင့်မည် ဖြစ်ကြောင်းသိရသည်။

အဆိုပါ တရားပွဲကို မတ်လ(၃၀)ရက် မှ (၃၁)ရက်နေ့အထိ ထိုင်းစံတော်ချိန် ည(၈)နာရီတိတိတွင် “ဟုန်ဖ”ပလာဇာအနီး Piyaporn-Ravilion Hotel တွင် တရားချီးမြှင့်မည်ဖြစ်ကြောင်း သိရှိရသည်။

မယ်ဆိုင်မြို့တွင်း၌ ရောက်ရှိ နေထိုင်ကြသော မြန်မာနိုင်ငံသားများ အနေဖြင့် တရားပွဲသို့ လာရောက်၍ တရားနာယူလိုသူများ အနေဖြင့် သွားလာရန်အတွက် တရားပွဲ ဖြစ်မြောက်ရေးအဖွဲ့မှ ကားဖြင့် ကြိုပို့ စီစဉ်ပေးသွားမည်ဖြစ်ရာ အောက်ပါ ဆက်သွယ်ရန် ဖုန်းနံပါတ်များကို ဆက်သွယ်နိုင်မှာ ဖြစ်ကြောင်း သိရသည်။

တရားပွဲ ဖြစ်မြောက်ရေးအဖွဲ့(မယ်ဆိုင်)
ဦးအောင်အောင်
ထိုင်းဖုန်း။   ။ ၀၉၂၁၈၁၈၃၃၉
ဦးမင်းမင်းမင်းမင်း
ထိုင်းဖုန်း။   ။ ၀၉၄၇၅၆၈၃၈၈

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~