ကျိုင်းတုံစော်ဘွားကြီးအား အမှတ်တရအဖြစ် စော်ဘွားဈေးနေ့ကို ကျိုင်းတုံမြို့တွင် နှစ်စဉ်ကျင်းပပြီး ဈေးရောင်းချလျက်ရှိရာ ယနေ့ မတ်လ(၈)ရက်နေ့ နံနက်ပိုင်းတွင် စော်ဘွားဈေးနေ့အဖြစ် ပြုလုပ်ရာမှာ ကျိုင်းတုံမြို့ရှိ ဒေသခံတိုင်းရင်းသားများနှင့် လာရောက်လည်ပတ် ဈေးဝယ်ယူသူများဖြင့် ယခင်နှစ်ထက် စည်ကားခဲ့ကြောင်း သိရသည်။
“အဲ့ဒီနားမှာ အရင် စော်ဘွားခေတ်က ဈေးရောင်းတဲ့နေရာလေးပါ၊ ဒါကို တစ်နှစ်တစ်ခါ ပြန်လည်အမှတ်ရတဲ့ အနေနဲ့ ဈေးပြန်ရောင်းတဲ့ ပွဲလေးသဘော ဈေးနေ့လေးလုပ်တာပါ”ဟု ကျိုင်းတုံမြို့ခံ ကိုခမ်းပန်မှပြောသည်။
ကျိုင်းတုံမြို့ကို AD -1243 မှစ၍ AD – 1962 အထိ အုပ်ချုပ်ခဲ့သော စော်ဘွားဦးရေမှာ စုစုပေါင်း (၄၉) ပါး ရှိခဲ့ပြီး ကျိုင်းတုံဒေသနေ ဌာနေရှမ်းများသည် နမ့်ခိင်မြစ်ကို အစွဲပြု၍ နေထိုင်လာခဲ့သောကြောင့် ရှမ်းဘာသာဖြင့် “တိုင်းခိင်” ဟုခေါ်ဆိုခဲ့ကြကြောင်း မှတ်တမ်းများအရ သိရသည်။
ကျိုင်းတုံမြို့ စော်ဘွားဈေးနေ့တွင် ဈေးအတွင်း စားသုံးကုန်ပစ္စည်းမျိုးစုံနှင့် အ၀တ်အထည်မျိုးစုံရရှိနိုင်ပြီး ရိုးရာ အစားအစာများလည်း ရရှိနိုင်ကြောင်း နှင့် ဈေးအား မနက်ပိုင်းတွင်သာ ဖွင့်လှစ်ပြီး နေ့လယ်ပိုင်း ကျော်လွန်သွားလျှင် ဈေးရောင်းသူနှင့် ဈေးဝယ်သူများ မရှိတော့ကြောင်းအပြင် အဆိုပါ ဈေးနေ့တွင် ဈေးသွားဝယ်လျှင် ကျန်းမာသည်၊ ကံကောင်းသည်၊ နုပျိုသည်ဟု အယူတွေရှိကြကြောင်း နှင့် စော်ဘွားဈေးနေ့ကို တစ်နှစ်တစ်ခါသာ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
Photos : Dr. Wunna Soe & Ye Myint Aung
ပုံများကိုကြည့်ရန်