တရုတ်နိုင်ငံမှာ အသက်(၄)နှစ်အရွယ် ခြေထောက်မပါတဲ့ ကလေးငယ်တစ်ဦး ကခုန်နေတဲ့ ဗွီဒီယို အပိုင်းလေး တစ်ပိုင်းက အင်တာနက် သုံးစွဲသူ တရုတ်လူမျိုးတွေမှာ ပိုးကူးစက်ခံရသလို လူတိုင်းကြည့်ပြီး သူအကြောင်းပြောဖြစ်ကြပါတယ်။
ဒီကလေးငယ်လေးရဲ့ နာမည်ပြောင်ဟာ Xiaofeng ဖြစ်ပြီး သူဟာ ယာဉ်မတော်တဆ တိုက်ခံရမှုဖြစ်ပွားပြီး ခြေထောက်နှစ်ချောင်းလုံး ဆုံးရှုံးခဲ့တာပါ။
ယခုလက်ရှိသူဟာ တရုတ်နိုင်ငံ Hubei ပြည်နယ်ရဲ့မြို့တော်၊ ၀ူဟန်ဆေးရုံးမှာ ဆေးကုသမှု ခံယူနေပါတယ်။ သူ့အကြောင်း လူမှုကွန်ယက်ပေါ်မှာ ပျံနှံ့လာတာနဲ့အမျှ သူ့အတွက် လိုအပ်တဲ့ ဆေးကုသ စရိတ်အဖြစ် လှူဒါန်းမှုတွေရှိလာပြီး ယခုလက်ရှိတော့ ဒေါ်လာ(၇၉၀၀၀)ခန့်အထိ အလှူခံရရှိပြီလို့ သိရပေမဲ့လည်း ကလေးငယ်ရဲ့ မိဘတွေဟာ ဆင်းရဲသား မိသားစုဖြစ်တဲ့ အတွက် ခွဲစိတ်ကုသစရိတ် အကြွေးတင်နေဆဲလို့ သိရပါတယ်။
သူဟာဆိုရင် တရုတ်နိုင်ငံ အနောက်ပိုင်း လေကြောင်းလိုင်း ရဲ့ လေယာဉ်အခမဲ့ စီးခွင့်ရထားပြီး ခွဲစိတ်ကုသမှုနှင့် ပတ်သက်၍ စဉ်ဆက်မပြတ်ကုသမှု ခံယူရမှာဖြစ်ပါတယ်။
ဘာသာပြန် ။ ။ ဇက်(Z)
Ref; CCTVNEWS