တာချီလိတ် ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ အမျိုးသား(၂၀)ဦးအား သင်္ကန်းစည်းပေးမည်ဖြစ်ရာ မည်သူမဆို ပါဝင် လှူဒါန်းနိုင်

တာချီလိတ် ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ အမျိုးသား(၂၀)ဦးအား သင်္ကန်းစည်းပေးမည်ဖြစ်ရာ မည်သူမဆို ပါဝင် လှူဒါန်းနိုင်
ဖေဖော်ဝါရီ 24, 2015
By Tachileik News Agency

တာချီလိတ်မြို့နယ် အတွင်းရှိ မရှိဆင်းရဲနွမ်းပါးသော ကလေးသူငယ်များနှင့် သာသနာ့ဘောင် ၀င်ရောက်လိုသူ အမျိုးသား (၂၀)ဦးဖြင့် တာချီလိတ် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ ဦးဆောင်၍ ၂၀၁၅ခုနှစ် မတ်လ (၃)ရက်နေ့ တွင် ရှင်ပြုအလှူပွဲကို ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။

ရှင်ပြုပွဲကို  တာချီလိတ် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ ဦးဆောင်မတည်၍ ပုန်းထွန်ရပ်ကွက်ရှိ ငွေတောင်ဦး ကမ္မဋ္ဌာန်း ကျောင်းတိုက်တွင် စည်ကားသိုက်မြိုက်စွာ စုပေါင်းလှူဒါန်းသွားမှာဖြစ်ရာ အဆိုပါ အလှူတွင် အားလုံး ပူးပေါင်း ပါဝင်နိုင်ရန်အတွက် တာချီလိတ်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဝင်းအောင် နှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ စသည်တို့မှ ယနေ့ ဖေဖော်ဝါရီလ(၂၄)ရက် နံနက်ပိုင်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ရှင်လောင်းလှည့်လည်မည့် မတ်လ (၂)ရက်နေ့ ညနေ(၃)ရီတွင် အပါး(၂၀)စာအတွက် လိုအပ်သည့် ရှင်လောင်းလှည့်ကားများနှင့် ပတ်သက်၍ မထသ၊ မဇ္ဈိမလူမှုကူညီရေးအသင်း၊ အလင်းရောင် ပရဟိတအသင်း၊ ရွှေတာချီ(လူမှုကူညီရေးအသင်း) နှင့် အမျိုးဘာသာ သာသနာကိုယ်သာစောင့်ရှောက်ရာ အဖွဲ့ စသည်တို့မှ ကားများကို ကူညီပေးကြမှာဖြစ်ပြီး ယာဉ်လမ်းရှင်းလင်းရေးနှင့် ပတ်သက်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့တို့မှ ကူညီဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရသည်။

 
သို့ဖြစ်၍ တာချီလိတ်မြို့ရှိ စေတနာရှင်များ အနေဖြင့်လည်း ရှင်လောင်း တစ်ပါးလျှင် ဘတ်(၄၀၀၀)နှုန်းဖြင့် ပါဝင်၍ ကုသိုလ်ယူ လှူဒါန်းနိုင်ပါကြောင်း နှင့် ပါဝင်လှူဒါန်းလိုသူများအနေဖြင့် တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နှင့် သက်ဆိုင်ရာ ရပ်ကွက်ရုံးများတွင် လှူဒါန်းနိုင်မှာဖြစ်ကြောင်း သိရှိရသည်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~