မိုးရာသီများတွင် ရွှံ့နွံများနဲ့ နွေရာသီအခါမှာ ဖုန်များပေါများနေလျက်ရှိပြီး ဆိုးရွားစွာဖြစ်ပေါ်နေတဲ့ တာချီလိတ်မြို့နယ် ၀ိန်းကျောက်ရပ်ကွက် အာခါဈေးလမ်းအား မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ကတ္တရာထပ်ပိုးလွှာလမ်း အဖြစ် ခင်းကျင်းပြီးမြောက်ပြီး (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အနေဖြင့် အဆိုပါ လမ်းသစ်ဖွင့်ပွဲကို ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း တာချီလိတ်မြို့နယ် အတွင်း ကတ္တရာလမ်းခင်းခြင်းအဖြစ် (၃၁)လမ်း နှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း အဖြစ် (၁၃)လမ်းတို့ကို ခင်းကျင်းနိုင်ခဲ့ပြီး၊ ပြီးခဲ့သည့် ၂၀၁၀ နောက်ပိုင်းမှ ယနေ့ ၂၀၁၅ခုနှစ်အထိ ကတ္တရာလမ်းအဖြစ် (၁၂၂)လမ်း နဲ့ ကတ္တရာထပ်ပိုးလွှာလမ်း အဖြစ် (၄၀)လမ်းတို့ကို ခင်းကျင်းခဲ့ပြီးတော့ ယခုဖွင့်လှစ်သည့် ၀ိန်းကျောက်ရပ်ကွက် ၊ အာခါဈေးလမ်း (ကတ္တထပ်ပိုးလွှာသစ်)ရဲ့အရှည်ပေဟာ ပေ (၄၀၀၀) ကျော် ရှည်လျား ပြီး ကျပ်သိန်းပေါင်း ၄၁၂ သိန်းကုန်ကျကြောင်း သိရပါတယ်။
ပုံများကိုကြည့်ရန်