မြန်မာနိုင်ငံ ကလေးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပရဟိတဂေဟာမှ ကလေးများကို ပျော်ပွဲရွှင်ပွဲ ကျင်းပပေး

မြန်မာနိုင်ငံ ကလေးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပရဟိတဂေဟာမှ ကလေးများကို ပျော်ပွဲရွှင်ပွဲ ကျင်းပပေး
ဖေဖော်ဝါရီ 7, 2015
By Tachileik News Agency

၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ ကလေးများနေ့အား ကြိုဆိုဂုဏ်ပြုသော အားဖြင့် တာချီလိတ်မြို့နယ်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု မူလတန်းကြို ကျောင်းများမှ တာဝန်ခံဆရာမများ နှင့် သင်ကြားမှု ဆရာမများ အပါအ၀င် သက်ဆိုင်ရာ အဖွဲ့တို့ဖြင့် ပူုးပေါင်း၍ ကလေးသူငယ်များ အတွက် ပျော်ပွဲရွှင်ပွဲ အားကစားပွဲများကို ပြုလုပ်ကျင်းပ လျက်ရှိကြောင်း သိရသည်။

ကလေးများအတွက် ပျော်ပွဲရွှင်ပွဲ ရိုးရာ အားကစားပွဲများကို ယနေ့ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စု ဟွေရယ်ကျေးရွာရှိ (ပရဟိတ)ရွှေတောင်တန်း ကျောင်းတိုက်၌ ပရဟိတ ရွှေတောင်တန်းကျောင်းတိုက်၊ ပြည့်စုံပရဟိတ ဂေဟာနှင့် အောင်မင်္ဂလာတောရကျောင်းတို့မှ ကလေးများကို  မြန်မာနိုင်ငံ ကလေးများနေ့အား ကြိုဆိုဂုဏ်ပြုသော အားဖြင့် မြန်မာရိုးရာ အားကစားနည်းများဖြင့် ပြိုင်ပွဲများ ကျင်းပပြုလုပ်ရာ အဆိုပါ ကျောင်း(၃)ကျောင်းမှ ကလေးသူငယ် စုစုပေါင်း (၁၈၈)ဦးမှ ပျော်ရွှင်စွာဖြင့် ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြပြီး ကျန်ရှိသည့် ကလေးသူငယ်များမှ တက်ကြွစွာဖြင့် အားပေးခဲ့ကြကြောင်း သိရသည်။

"ဒီနေ့  မြန်မာနိုင်ငံ ကလေးများနေ့ကို ကြိုဆိုဂုဏ်ပြုပြီး အကြိုလှုပ်ရှားမှု အနေနဲ့ ပရဟိတ ရွှေတောင်တန်းမှာ ရိုးရာကစားပွဲတွေနဲ့ ကျင်းပခဲ့ပါတယ်၊ ဒီပွဲမှာ တာချီလိတ်မြို့နယ်အတွင်းမှာ ရှိတဲ့ လူမှုဝန်ထမ်းအသိအမှတ်ပြု မူကြိုကျောင်းများက ဆရာမများလည်း အနီးကပ်ကြီးကြပ်ပေးသလို အား/ကာအဖွဲ့ကလည်း ပါဝင်ပြီး ကြီးကြပ်တာတွေ ဒိုင်အဖြစ်ဆောင်ရွက်ပေးတာတွေ လုပ်ကြပါတယ်.."ဟု တာလော့မူကြိုကျောင်း တာဝန်ခံ ဆရာမ ဒေါ်လောယိုမှ ပြောပြသည်။

ဆက်လက်၍  မြန်မာနိုင်ငံ ကလေးများနေ့ကို ကြိုဆိုဂုဏ်ပြုအားဖြင့် ဖေဖော်ဝါရီလ (၁၂)ရက်နေ့ နံနက်(၈)နာရီမှစ၍ နေ့လယ်ပိုင်းအချိန်ထိ စိန်ဂျုဒ်ကက်သလိစ် ဘုရားရှိခိုးကျောင်း၌ ကလေးများအား ပျော်ပွဲရွှင်ပွဲနှင့် အကပဒေသာပြပွဲများဖြင့် ကျင်းပပြုလုပ်ပြီးနောက် ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားအား အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရသည်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~