ကျားသစ်နဲ့ ကျားတွေရဲ့ အသားတွေကို ခုတ်ထစ်ပြီး ချက်ပြုတ်ရောင်းချနေတဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို ရုရှားနိုင်ငံ ရဲတွေက ဖေဖော်ဝါရီလရဲ့ ပထမ အပတ်ထဲမှာ ရှာဖွေဖမ်းဆီးနိုင်ခဲ့တယ်လို့ ဒေလီမေလ်းရဲ့ ဖော်ပြထားချက်အရ သိရပါတယ်။
ဆိုင်မှာ ရောင်းချရန် လှီးဖြတ်ထားတဲ့ အသားတုံး (၄၉)ကီလို (ပေါင် ၁၁၀)ခန့်ကို တွေ့ရှိခဲ့တာဖြစ်ပြီး။ စားသောက်ဆိုင်ကိုတော့ ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်ရဲ့ မြို့စွန်တစ်နေရာမှာဖွင့်လှစ်ထားရှိပြီး ဒီဆိုင်မှာ ရှားပါးတိရိစ္ဆာန်တွေရဲ့ အသားတွေကို ဈေးကြီးကြီးနဲ့ ရနိုင်တယ်လို့လည်း သိရှိရပါတယ်။
“ကျား”ရဲ့ အသားကို တစ်ချို့နိုင်ငံမှာတော့ အမျိုးသားတွေ သွေးအားကောင်းဖို့ ဈေးကြီးပေးပြီး ရှာဖွေစားသောက်ကြပါတယ်။
ကျားနဲ့ ကျားသစ်တို့ရဲ့ အသားတွေကို တစ်ကီလို ယူရိုငွေ(၁၀၀၀)မှ ယူရို(၂၅၀၀)ခန့်အထိ ဈေးရှိကြောင်း ဖေါ်ပြထားတာကိုလဲ သိရှိရပါတယ်။
ရုရှားရဲတပ်ဖွဲ့ဝင်တွေ ဖမ်းမိတဲ့ အသားတွေကိုတော့ စားသောက်ဆိုင်က ချက်ပြုတ်ရောင်းချကြတာပါ၊ အာရှတိုက်မှာရှိတဲ့ တစ်ချို့နိုင်ငံကဈေးကွက် တွေမှာတော့ တိုင်းရင်းရိုးရာဆေးဝါးတွေ ဖေါ်စပ်တဲ့နေရာမှာ အသုံးပြုကြတာများပြီး စားသောက်ရန် ချက်ပြုတ်ရောင်းချခြင်းတော့ သိပ်မရှိပါဘူး။
ရုရှားရဲတွေကတော့ တစ်ကမ္ဘာလုံးက ကျားနဲ့ ကျားသစ်တွေကို ရှားပါးတိရိစ္ဆာန် စာရင်းသွင်းထားချိန်မှာ မော်စကိုမှာတော့ စားသောက်ဖို့ ရောင်းချနေတာ တွေ့ရတာ့ တကယ်အံ့အားသင့်စရာ အဖြစ်အပျက်လို့ ဆိုပါတယ်။
စားသောက်ဆိုင်မှာ ရောင်းချနေတဲ့ အလုပ်သမားကတော့ ဗီယက်နမ်နိုင်ငံသားဖြစ်ပြီး သူကို ရုရှားရဲတွေက စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဘာသာပြန် ။ ။ ဇက်(Z)
Ref; dailymail