သာသနာတော်ပြန့်ပွားရေးနှင့် ဗုဒ္ဓမြတ်စွာဘုရားအား ပူဇော်ခြင်းအဖြစ် ရွှေတြိဂံနယ်မြေဖြစ်သည့် ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံ နှင့် လာအိုနိုင်ငံတို့မှ သံဃာတော် အရှင်သူမြတ် အပါး (၁၀,၀၀၀)အား တာချီလိတ်မြို့၏ တစ်ဖက်ဖြစ်သော ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ထိုင်း-မြန်မာ အမှတ်(၁) ချစ်ကြည်ရေး တံတားအနီးတွင် စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲအဖြစ် ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ(၂၂)ရက်၊ နံနက်(၆)နာရီအချိန်မှ စ၍ နံနက် (၈း၃၀)နာရီအချိန်ထိ စုပေါင်းလောင်းလှူကြမည်ဖြစ်ရာ မြန်မာနိုင်ငံ တာချီလိတ်ဘက်မှ သံဃာတော်၊ ကိုရင် နှင့် သီလရှင် စုစုပေါင်း အပါး(၁၅၀၀)ခန့် ကြွရောက်မည်ဖြစ်ကြောင်း သိရသည်။
သုံးနိုင်ငံမှ သံဃာတော်အပါး(၁၀၀၀၀)ကြွရောက်၍ အလှူခံတော်မူမည်ဖြစ်ရာ ထိုင်းနိုင်ငံမှ အလှူရှင်များလည်း ပါဝင်မှာဖြစ်ပြီး မြန်မာဘက်မှ စေတနာရှင် အလှူရှင်များလည်း ပါဝင်ကြမှာဖြစ်ရာ အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ မည်သူမဆို လာရောက်၍ ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ကြမှာ ဖြစ်ကြောင်း သိရသည်။