ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီရုံးတွင် ဖေဖော်ဝါရီ (၁၆)ရက်နေ့ နံနက်(၉)နာရီ အချိန်၌ ၂၀၁၅ -၂၀၁၆ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ် အခွင့်အရေး လိုင်စင်များ ဈေးပြိုင်စနစ်ဖြင့် လေလံ အမျိုးအစား (၅)မျိုးအား လေလံတင် ရောင်းချမည်ဖြစ်ကြောင်း တာချီလိတ် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ လေလံကြေငြာစာအမှတ် (၃/၂၀၁၅)ဖြင့် ကြေငြာထားသည်။
အများပြည်သူများ ၀ယ်ယူရရှိနိုင်မည့် လေလံအမျိုးအစားများမှာ-
- (က) ဆန်ဆိုင်း(က)အပေါင်ဆိုင် (၁)
- (ခ) တာလော့ဈေး ယာဉ်စောင့် လုပ်ငန်း
- (ဂ) တာလော့ဈေး ပျံကျဈေးကောက် လုပ်ငန်း
- (ဃ) တာလော့ဈေး ရေအိမ် လုပ်ငန်း
- (င) ဖန်မင်ဈေးကောက်
တို့ဖြစ်သည်။
လေလံစည်ကမ်းချက်များနှင့် လေလံလျှောက်လွှာများအား ဖေဖော်ဝါရီလ (၆)ရက်နေ့မှ စတင်ရယူနိုင်ပြီး ဖေဖော်ဝါရီ(၁၃)ရက်နေ့ နေ့လည်(၁၂း၀၀)နာရီ နောက်ဆုံးထား၍ အချက်အလက်ပြည့်စုံစွာဖြင့် လျှောက်ထားရမှာ ဖြစ်ကြောင်း သိရသည်။
ယခု လေလံရောင်းချသော လုပ်ငန်းများအား ၂၀၁၅ - ၂၀၁၆ခု ဘဏ္ဍာရေးနှစ် (၁.၄.၂၀၁၅)ရက်နေ့မှ (၃၁.၃.၂၀၁၆)ရက်နေ့အထိ (၁)နှစ်တာ ကာလအပိုင်းအခြား ဆောင်ရွက်ခွင့်ရှိမှာ ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ဆက်သွယ်ရန်
- မြို့နယ်စည်ပင်သာယာရေးကော်မတီ
- 084-51974
- 084-51035
- တာချီလိတ်မြို့။